တရုတ်ယူနန်လီကျားစန်းတောင်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ရှေးဟောင်းသင်္ချိုင်းဂူအုပ်စုမှ တူးဖော်ရရှိသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများတွင် တောင်အာရှနှင့်အနောက်အာရှကပစ္စည်းများပါဝင်
ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့တွင် ယူနန်လီကျားစန်းတောင် ရှေးဟောင်းသင်္ချိုင်းဂူ ရှာဖွေတွေ့ရှိခြင်း အနှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။ လီကျားစန်းတောင် ရှေးဟောင်းသင်္ချိုင်းဂူများ သုတေသနပြုတူးဖော်ခြင်းကို ၁၉၇၂ ခုနှစ်တွင် အုပ်စု၏ ပထမအကြိမ် စတင်ခဲ့ခြင်းဖြစ်သည်။ သင်္ချုင်းဟောင်းအုပ်စုတွင် လွန်ခဲ့သော နှစ် ၂၀၀၀ က ယူနန်ဒေသဝန်းကျင်၏ ကြေးထည်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သကဲ့သို့ တောင်အာရှ၊ အနောက်အာရှက အလှဆင်ပစ္စည်းများနှင့်ခရုများကိုလည်း တူးဖော်တွေ့ရှိခဲ့ပါသည်။ ဥပမာအားဖြင့် ငွေစုကြေးဗူးတွင် အိန္ဒိယသမုဒ္ဒရာမှ ခရုများကို တွေ့ရသည်။ ၎င်းသည် တရုတ်နိုင်ငံယူနန်သည် လွန်ခဲ့သော နှစ် ၂၀၀၀ က တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အနောက်အာရှနိုင်ငံများနှင့် ဆက်သွယ်ချိတ်ဆက်မှုရှိခဲ့ကြောင်းကို ဖော်ပြနေပါသည်။
(သတင်းရင်းမြစ်-ယူနန်နေ့စဥ်သတင်းစာ)