ခရုခွံတောင်ပို့က ရှေးခေတ်လူသားများ စားပြီး ကြွင်းကျန်ရစ်တဲ့ အမှိုက်လား ?

2022-08-17 19:13:41
အရင်းအမြစ်:云南日报

ယခုရက်ပိုင်းမှာ ကျွန်တော်တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့ ကျန်းချမ်းရပ်ကွက်မျာရှိတဲ့ ခရုခွံတောင်ပို့(Shell Mound) ကို သွားရောက်လေ့လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ကားက ကျန်းချမ်းရပ်ကွက်ထဲရှိ Xiao Houwei လို့ခေါ်တဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာ ရပ်နားပြီး ကျောင်းထဲမှာ အဖြူရောင်ခရုခွံတွေ တောင်ပို့ငယ်တစ်ခုလို စုပုံထားတာကို တွေ့ရတယ်။ ကျွန်တော်တို့က အဲဒီ ခရုခွံတွေကို ကျောင်းဝင်းအလှဆင်ဖို့ ဝယ်ထားတာလို့ ထင်မိတာ။ ဒါပေမဲ့ ကျောင်းအုပ်ကြီး Pu Dangjiu က အဲဒီခရုတောင်ပို့ငယ်က ပြီးခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက ခရုခွံဖြစ်တယ်လို့ ပြောလိုက်တော့ တော်တော်အံ့သြခဲ့ရပါတယ်။

ကျောင်းအုပ်ကြီး Pu Dangjiu က ကျွန်တော်တို့ကို ဦးဆောင်ပြီး ကျောင်းတွင်းနဲ့ ကျောင်းပြင်ပမှာရှိတဲ့ လယ်မြေတွေဆီကို သွားရောက်လေ့လာခဲ့ကြတယ်။ လယ်မြေထဲမှာ ခရုခွံများစွာရှိနေတာကို တွေ့ခဲ့ရတယ်။ အဲဒီတော့မှပဲ ကျွန်တော်တို့က ခရုခွံတောင်ပို့ ရှိနေတာကို သိရှိနားလည်ခဲ့တယ်။

“ခရုခွံတောင်ပို့ က ပြီးခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက လူသားတွေ စားပြီးကြွင်းကျန်ရစ်တဲ့ ခရုခွံတွေဖြစ်တယ်”လို့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးမှ ဆိုတယ်။ အခုတော့ ကျွန်တော်တို့ကို ပိုပြီးအံ့သြစေခဲ့ပါတယ်။ ဘယ်လောက်များတောင်စားထားလို့ ခရုခွံတွေက အခုလို တောင်ပို့တစ်ခုလို ဖြစ်လာသလဲ။ လေ့လာခြင်းအရ ကမ္ဘာ့နေရာများစွာမှာ ခရုခွံတောင်ပို့တွေ ရှိပါတယ်။ မြန်မာနိုင်ငံ ထဲမှာရော ရှိသလား။ တွေ့ဖူးတယ်ဆိုရင် မျှဝေပေးခဲ့ပါဦး။


(သတင်းရင်းမြစ်-ယူနန်နေ့စဥ်သတင်းစာ)
 

ခရုခွံတောင်ပို့က ရှေးခေတ်လူသားများ စားပြီး ကြွင်းကျန်ရစ်တဲ့ အမှိုက်လား ?