“Gengdu Shiguang” သည် မြို့ပြစာကြည့်တိုက်ကို ယဉ်ကျေးမှု ခရီးသွားလာရေးလုပ်ငန်းတွင် စိမ့်ဝင်စေခဲ့

2022-08-19 18:24:56
အရင်းအမြစ်:德宏州委宣传部

မြို့ပြစာကြည့်တိုက်ကို ယဉ်ကျေးမှုခရီးသွားလာရေးလုပ်ငန်းတွင် စိမ့်ဝင်ကာ ပို၍ ကောင်းမွန်သော အရည်အသွေးဖြင့် မြို့ပြ၏ ယဥ်ကျေးမှုအနှစ်သာရ ထိန်းသိမ်းခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ထူထောင်သည့် “Gengdu Shiguang”(စာဖတ်ခြင်းတွင် နစ်မျောရင်းနှင့် ဘဝ၏အလင်း ရှာဖွေခြင်း ဟု ဆိုလိုပါသည်)မှာ တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ အထင်ကရနေရာသစ်တစ်ခုဖြစ်လာပါသည်။

“Gengdu Shiguang”၏ အတွင်းခန်းအကျယ်အဝန်းမှာ ၂၈၀၀ စတုရန်းမီတာခန့်နှင့် ပြင်ပနေရာအကျယ်အဝန်းမှာ ၁၄၀၀၀ စတုရန်းမီတာခန့်ရှိကြောင်း၊ အဆောက်အဦးတစ်ခုလုံး၏ ပုံသဏ္ဌာန်မှာ ဒေါင်းဖြူနှင့်တူကာ တယ်ဟုန်ပြည်နယ်ခွဲ၏ လူမှုထူးခြားချက်များနှင့် ပေါင်းစပ်ပြီး လယ်ထွန်မှုမြင်ကွင်းများနှင့် မြို့ပြရှုခင်းများကို ပေါင်းစပ်ဖန်တီးထားကြောင်း၊ ယခုလက်ရှိတွင် ခရီးသွားဧည့်သည်များသည် မန်စီမြို့သို့ မဖြစ်မနေ လာရောက်လေ့လာသော ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာသစ်ဖြစ်ကြောင်း တယ်ဟုန်ပြည်နယ်ခွဲ OCT ကုမ္ပဏီမှ ဒုတိယအထွေထွေမန်နေဂျာ ခွန်ရှီးယန့်က မိတ်ဆက်ပါသည်။

“လက်ရှိမှာ ‘Gengdu Shiguang’ကို လာရောက်လေ့လာတဲ့ ခရီးသွားဧည့်သည်ဦးရေ နေ့စဉ် ပျမ်းမျှ ၃၀၀၀ ခန့်ရှိပြီး စနေနဲ့တနင်္ဂနွေ ပိတ်ရက်တွေမှာ ၅၀၀၀ ခန့် ရှိပါတယ်။ တယ်ဟုန် ဒေသခံပြည်သူပြည်သားတွေဖြစ်ဖြစ် ခရီးသွားဧည့်သည်တွေဖြစ်ဖြစ် ဒီလိုအထင်ကရ နေရာအနေနဲ့ တယ်ဟုန်ပြည်နယ်ခွဲရဲ့ ယဥ်ကျေးမှုနဲ့ ခရီးသွားလာရေးလုပ်ငန်း အဆင့်မြှင့်တင်ဖို့ ရည်မှန်းချက်ကို တွေ့မြင်နိုင်ဖို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။ အနာဂတ်မှာ ကျွန်မတို့ဟာ ‘Gengdu Shiguang’ရဲ့ အရည်အသွေးကို အဆက်မပြတ် မြှင့်တင်ဖို့၊ သဘာဝကျန်းမာရေးအခြေပြု အပန်းဖြေမြို့ တည်ဆောက်ရေးကို အရှိန်အဟုန်ဖြင့် တွန်းအားပေးဖို့နဲ့ တယ်ဟုန်ပြည်နယ်ခွဲရဲ့ ယဥ်ကျေးမှုနဲ့ ခရီးသွားလာရေးလုပ်ငန်း အဆင့်မြှင့်တင်မှုမှာ နက်နက်ရှိုင်းရှိုင်း ဝိုင်းဝန်းပါဝင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ခွန်ရှီးယန့်က ပြောဆိုပါသည်။

 

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

 

 

“Gengdu Shiguang” သည် မြို့ပြစာကြည့်တိုက်ကို ယဉ်ကျေးမှု ခရီးသွားလာရေးလုပ်ငန်းတွင် စိမ့်ဝင်စေခဲ့