ယွီရှီးထုံးဟိုင်၏ ရှေးခေတ်အဆောက်အအုံ “Ju gui ge”ကို စားလို့ရနေပြီ

2022-08-31 19:50:55
အရင်းအမြစ်:玉溪网

ယွီရှီးမြို့ ထုံးဟိုင်ခရိုင် လျှို့ရှန်းတောင်အောက်တွင် ယဉ်ကျေးမှုတီထွင်ဖန်တီးမှုရှိသော ရေခဲမှုန့်ဆိုင်တစ်ဆိုင်ရှိသည်။ ဤနေရာ၏ရေခဲမှုန့်ပုံစံများသည် ထုံးဟိုင်၏အမှတ်အသားဖြစ်သော အဆောက်အအုံ Ju gui ge ဖြစ်သည်။ ပုံစံတူပြီး အသေးစိတ်လှပသည်။ အရသာလည်း လက်ဖက်စိမ်း၊ စတော်ဘယ်ရီ၊ Jacaranda နှင့်အခြားအရသာတို့ရှိသည်။ Ju gui ge သည် စားသုံးနိုင်သော “ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်” ဖြစ်လာသည်။ ပုံစံလှပြီး အေးမြစေသည်။ ပူအိုက်သောနွေရာသီတွင် အေးချမ်းမှုလေး သယ်ဆောင်လာပေးသည်။ ထုံးဟိုင်၏ ယဉ်ကျေးမှုကိုလည်း ခံစားနိုင်သည်။

Ju gui ge သည် တရုတ် မင်မင်းဆက် ဝမ်လီကာလ(၁၅၇၃-၀ ၁၆၂၀ ခုနှစ်) တွင် ဆောက်လုပ်ခဲ့သည်။ ရှေးဟောင်းဓလေ့ရိုးရာအဆောက်အအုံ ဖြစ်ပြီး ထုံးဟိုင်ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းကို အသိသက်သေပြုခဲ့သည်။ မြို့တော်ကိုမှတ်တမ်းထားသော လူမှုယဉ်ကျေးမှုနာမည်ကတ်ဖြစ်ပါသည်။


(သတင်းရင်းမြစ်၊ တရုတ်လူငယ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)
 

ယွီရှီးထုံးဟိုင်၏ ရှေးခေတ်အဆောက်အအုံ “Ju gui ge”ကို စားလို့ရနေပြီ