ကတ်ကြေးတစ်ချောင်း ကမ္ဘာတစ်ခု၊ နှစ်ထောင်ချီရှိသည့် စက္ကူဖြတ်ခြင်းအနုပညာကို အမွေဆက်ခံ
တိုင်လူမျိုးတို့၏ စက္ကူဖြတ်ခြင်းအနုပညာမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ က အစောဆုံး တွေ့ရှိခဲ့ပြီး ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ တိုင်လူမျိုးဒေသတွင် အဓိက ရေပန်းစားလျက် ရှိပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ တိုင်လူမျိုးတို့သည် ဘိုးစဥ်ဘောင်ဆက် လက်ဆင့်ကမ်းလာသော ရိုးရာလက်မှုပညာ ဖြစ်ပေသည်။
“စက္ကူဖြတ်ခြင်းဟာ ကြားခံတစ်ခု ဖြစ်ပါတယ်။ မှတ်မိတဲ့ မွေးရပ်မြေ၊ ဆွေမျိုးတွေနဲ့ ချိတ်ဆက်ထားပါတယ်။ လမ်းခရီးမှာလည်း ဘဝသင်ခန်းစာတွေရှိတယ်။”ရှောက်မေဟန်သည် တယ်ဟုန်တိုင်လူမျိုးတို့ စက္ကူဖြတ်ခြင်း၏ ရိုးရာအနုပညာရှင်တစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တိုင်လူမျိုးတို့ စက္ကူဖြတ်ခြင်း၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဥ်ကျေးမှု အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ “ရှောက်မေဟန် တိုင်လူမျိုး စက္ကူဖြတ်ခြင်းအနုပညာပြတိုက်”တွင် သူမသည် လက်ထဲတွင်ရှိသည့် လက်သွက်သောကတ်ကြေးကို အသုံးပြု၍ အနီရောင်စက္ကူကို ဂရုတစိုက် ဖြတ်နေသည်။
"ရှေးခေတ်မှ ယနေ့အထိ တိုင်လူမျိုးတို့ဟာ ဘဝမှာ အကောင်းဆုံးသောအရာတွေကို စက္ကူပေါ်မှာ ဖြတ်တောက်ခဲ့ကြတယ်။" တိုင်လူမျိုးကျေးရွာ၏ နေထိုင်မှုဘဝကို စက္ကူဖြတ်ခြင်းအနုပညာမှာ ဖြတ်တောက်လိုက်ခြင်းဖြင့် တရုတ်ရိုးရာ စက္ကူဖြတ်ခြင်း အနုပညာ တဖန်ပြန်လည်ရှင်သန်လာစေရန် ရှောက်မေဟန်က မျှော်လင့်ပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)