“ပန်းမန်များ ဝေဆာစွာ ဖူးပွင့်၊ လမင်းကြီး ပြည့်ဝန်းလျက်တောက်ပ”တရုတ်လမုန့်ပွဲယဥ်ကျေးမှုဖလှယ်ခြင်းအစီအစဥ် အင်ဒိုနီးရှားဆီသို့ ဝင်ရောက်
ယခုရက်ပိုင်းတွင် ၂၀၂၂ ခုနှစ် “ပန်းမန်များ ဝေဆာစွာ ဖူးပွင့်၊ လမင်းကြီး ပြည့်ဝန်းလျက်တောက်ပ”တရုတ်လမုန့်ပွဲယဥ်ကျေးမှုဖလှယ်ခြင်းအစီအစဥ်သည် အင်ဒိုနီးရှားဆီသို့ ဝင်ရောက်ခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၊ တယ်ဟုန်ပြည်နယ်တိုင်၊ ဂျင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲနှင့် အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့နှင့် ဗီဒီယိုမှတစ်ဆင့် ချိတ်ဆက်ဆုံတွေ့ပြီး လမုန့်ပွဲအခမ်းအနားကို အတူမျှဝေခံစားသကဲ့သို့ အပြန်အလှန် ဆုမွန်ကောင်းတောင်းခဲ့ကြကြောင်း သတင်းအရ သိရပါသည်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လုခန်း၊ တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ကျိုးဟောင့်လီနှင့် ယူနန်ပြည်နယ်ဒုအုပ်ချုပ်ရေးမှူး မာလင်းတို့က အမှာစကား အသီးသီး ပြောဆိုခဲ့ပါသည်။
ယခုအကြိမ်လမုန့်ပွဲလှုပ်ရှားမှုအစီအစဥ်၏ အဓိကဆောင်ပုဒ်သည် “ရောင်စုံတိမ်များ လကိုလိုက်၊ တောတောင်ပင်လယ် မေတ္တာနက်” ဖြစ်ပြီး လမင်းပူဇော်ကန်တော့ခြင်း၊ လရှုစားခြင်း၊ လလိုက်ခြင်း စသည့်အစီအစဥ်များကို ကျင်းပခဲ့သည်။ ၎င်းတို့အနက် လလိုက်ခြင်းအစီအစဉ်တွင် Jakarta မြို့ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် ဗီဒီယိုမှတစ်ဆင့် ပန်းချီ၊ လက်ရေးအလှ၊ အဆိုအကစသည်တို့ကို ကျင်းပခြင်းဖြင့် လမုန့်ပွဲကို ကြိုဆိုခဲ့ပါသည်။ လမင်းပူဇော်ကန်တော့ခြင်းအခမ်းအနားတွင် ဗီဒီယိုတိုစုစည်းခြင်းပုံစံဖြင့် တရုတ်နိုင်ငံနေရာအသီးသီး၏ လမုန့်ပွဲရိုးရာဓလေ့နှင့် ကမ္ဘာ့နိုင်ငံအသီးသီးက လနှင့်ဆိုင်သော ပွဲတော်ယဉ်ကျေးမှုဓလေ့များကို တင်ဆက်ဖော်ပြခဲ့သည်။ ထို့ပြင် “ပန်းမန်များ ဝေဆာစွာ ဖူးပွင့်၊ လတော်က ပြည့်ဝန်းစွာရှိပါစေ--ယူနန်ကြာပန်းရနံ့”ဓာတ်ပုံပြပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယားစသည့်နိုင်ငံတို့တွင် အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့သည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)