ရသာမွန်စပ်စပ်လေးဖြင့် စွဲသွားစေမယ့် ကျမ်းချွမ်း "အသဲစွဲငါးပါးစပ်ဟင်း"
ယူနန်ယွီရှီးကျမ်းချွမ်းသည် ငါးကြောင့်လှပပြီး ငါးအစားအသောက်ဖြင့် နာမည်ကျော်သည်။ ရသာစုံငါးဟင်းလျာထဲတွင် "အသဲစွဲငါးပါးစပ်"သည် လတ်ဆတ်ပြီး စပ်သောအရသာကြောင့် စားသုံးသူများ ကြိုက်နှစ်သက်ကြသည်။
"ငါးပါးစပ်က အကောင်းဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ မျက်စိဘေးကနေလှီးပြီး ငါးဦးနှောက်တစ်ခုလုံးကို ထိန်းထားနိုင်တယ်။ အကောင်းဆုံးအရသာရှိပြီး အာဟာရအရှိဆုံး နေရာလည်းဖြစ်တယ်” ဟု တာထိုယွီဟိုတယ်စားဖိုမှူးချုပ် ရန်ချွင်းက မိတ်ဆက်ခဲ့ပါသည်။
“အသဲစွဲငါးပါးစပ်”ကို ချက်ပြုတ်ရာတွင် (၂)-(၄)ကီလိုဂရမ်ရှိသော ငါးကြင်းငါးပါးစပ်ကို ရွေးချယ်ရသည်။ အသား နူးညံ့သည်။ ငါးပါးစပ်ကို သေချာဆေးကြောပြီးနောက် တစ်ပွဲကို (၇၅၀)ဂရမ်နှင့်ကိုက်ညီသော ဝက်ဆီ၊ ကြက်သွန်မိတ်နှင့် ကြက်သွန်ဖြူတောက်တောက်စင်း၊ ငရုတ်သီးများကိုထည့်ပြီး ဆော့ထည့်ကာ အိုးထဲတွင် မိနစ်(၂၀)ကျော် ပေါင်းရသည်။ ငါးဦးနှောက်အမွှေးရနံ့နှင့် ငရုတ်သီးအရသာသည် ငါးအသားထဲသို့ရောက်ပြီး အိုးပေါ်မှယူသည့်အခါ ရနံ့စပ်စပ်သင်းသင်းလေးသည် တံတွေးတွေ အလိုအလျောက်မျိုချရပြီဖြစ်သည်။
(သတင်းရင်းမြစ်၊ ယွီရှီးကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)