ပန်းဦးခေါင်းကြက်တူရွေး ၂၂ ကောင်၏ ဓာတ်ပုံတစ်ပုံ ရိုက်ကူးကာ စံချိန်သစ်တင်ခဲ့ပြီး တရုတ်နိုင်ငံတွင် နှစ်ပေါင်းတစ်ရာကျော် ပျောက်ကွယ်သွားခဲ့ဟု ထင်မြင်
စက်တင်ဘာလ ၁၁ ရက်နေ့တွင် သဘာဝဂေဟစနစ်ရိုက်ကူးရေးဓာတ်ပုံဆရာတစ်ဦးသည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့၌ တရုတ်နိုင်ငံ အမျိုးသားအဆင့် ၂ အရေးပါသော ကာကွယ်ရေး တိရစ္ဆာန်ဖြစ်သည့် ပန်းဦးခေါင်းကြက်တူရွေး ၂၂ ကောင်အား ဓာတ်ပုံတစ်ပုံတည်းတွင် ရိုက်ကူးနိုင်ခဲ့ပါသည်။
ပန်းဦးခေါင်းကြက်တူရွေးသည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ၂ အရေးပါသော ကာကွယ်ရေး တိရစ္ဆာန်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် နိုင်ငံများတွင် ကျက်စားနေထိုင်ပါသည်။ တရုတ်နိုင်ငံတွင် ပန်းဦးခေါင်းကြက်တူရွေးသည် ယူနန်၊ ကွမ်တုန်း၊ ကွမ်ရှီးစသည့် ဒေသများတွင် အဓိက ကျက်စားနေထိုင်ပါသည်။ အဆိုပါဒေသများတွင် နှစ်ပေါင်းတစ်ရာနီးပါး ပျောက်ကွယ်သွားကာ တရုတ်နိုင်ငံတွင် ပျောက်ကွယ်သွားပြီဟု ပညာရှင်အသိုင်းအဝိုင်းကပင် ထင်မြင်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဧပြီလအထိ သဘာဝဂေဟစနစ် ရိုက်ကူးရေးဓာတ်ပုံဆရာတစ်ဦးသည် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင် ဖိန်ယွမ်မြို့နယ်တွင် ပန်းဦးခေါင်းကြက်တူရွေး ၇ ကောင်ကို စူးစမ်းလေ့လာကာ ၎င်း၏ တောရိုင်းမျိုးပွားမှု အမူအကျင့်ကို ဓာတ်ပုံရိုက်ပြီးနောက် ပန်းဦးခေါင်းကြက်တူရွေးကို တရုတ်နိုင်ငံတွင် ကျက်စားနေထိုင်သည်ကို ထပ်မံအတည်ပြုခဲ့သည်။
ယခုအကြိမ် ရိုက်ကူးသည့် ဗီဒီယိုနှင့် ဓာတ်ပုံများအား တွေ့မြင်ပြီးနောက် ပန်းဦးခေါင်းကြက်တူရွေး ၂၂ ကောင်အား ဓာတ်ပုံတစ်ပုံတည်းတွင် ရိုက်ကူးကာ စံချိန်သစ်တင်သည့်အတွက် ယင်းမျိုးစိတ်၏ အရေအတွက်မှာ တရုတ်နိုင်ငံပြည်တွင်းတွင် တဖြည်းဖြည်း တိုးများလျက်ရှိနေကြောင်း နာမည်ကျော်ကြားသော ငှက်ကြည့်သူ ဟန်လျန်ရှန့်က မိတ်ဆက်ပါသည်။ “ရွှေလီဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ငှက်များစွာ လာရောက်လည်ပတ်လေ့ရှိပါတယ်။ တရုတ်နိုင်ငံဟာ တောရိုင်းတိရစ္ဆာန်များ ကာကွယ်မှု တိုးမြှင့်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင် တဖြည်းဖြည်း ပိုမို ကောင်းမွန်လာပါတယ်”ဟု သူက ပြောဆိုပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ ပြည်သူ့နေ့စဉ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)