တရုတ်ပြည်ပြန် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်း ၄၇ ခု ရှန်ဟိုင်း၌ ပြသ

2022-09-27 19:27:45
အရင်းအမြစ်:CRI

တရုတ်ပြည်ပြန်ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း အထူးပြပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့သည်။ ပြပွဲတွင် နိုင်ငံခြားမှ တရုတ်ပြည်ပြန် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၄၇ ခုကို ပြသထားပြီး ယင်းတို့အနက် ချင်းမင်းဆက်ခေတ်က ယွမ်မင်ယွမ် ဘုရင့်ပန်းခြံမှ မွေးနေ့တိရစ္ဆာန် ကြေးညို ခေါင်းရုပ် ၁၂ ခု၏ နွား၊ ကျား၊ မျောက်၊ ဝက် ကြေးညိုခေါင်းရုပ် မူရင်းအထည်များလည်း ပါဝင်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်ပြည်ပြန် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်း ၄၇ ခု ရှန်ဟိုင်း၌ ပြသ