“နှစ်သုံးဆယ် ချစ်ကြည်ရေးတေးဂီတများ” ။ ။ လက်ချောင်းထိပ်များသည် ဝါးပေါ်၌ ကခုန်ကြပြီး ကောင်းချီးမင်္ဂလာများကို တေးဂီတတွင် ဖော်ပြကြ

2022-09-29 20:32:00
အရင်းအမြစ်:《吉祥》杂志

“မင်္ဂလာ”မဂ္ဂဇင်း ထူထောင်ခြင်း နှစ် ၃၀ ပြည့် အခါသမယတွင် တရုတ်-မြန်မာ အနုပညာရှင်များသည် တေးဂီတဖြင့် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ပြကြပါသည်။ အခန်း ၁ ဖြစ်သည့် “နှစ်သုံးဆယ် ချစ်ကြည်ရေးတေးဂီတများ” ကဏ္ဍတွင် အတူတကွ တီးခတ်ကြပါသည်။ ၎င်းတို့သည် ကျက်သရေအရှိဆုံးသော ဆုမွန်ကောင်းများ ပေးအပ်ကြရင်းနှင့် တေးဂီတဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လက်ဆင့်ကမ်းကြပါသည်။ ဤစာစောင်တွင် ယူနန်ပြည်နယ် နုကျန်းလီဆူးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဖူမီးတိုင်းရင်းသားယဥ်ကျေးမှုဆက်ခံသူ ရန်ရှီရှန်းနှင့် မြန်မာနိုင်ငံ ပတ္တလားတူရိယာ ပညာရှင် ကြည်စိုးမင်းတို့သည် “ဝါး” အသုံးပြုတူရိယာဖြင့် ကောင်းချီး မင်္ဂလာများကို တေးဂီတတွင် ဖော်ပြကြပါသည်။

"အဖွားက လူငယ်တုန်းက အလှမယ်တစ်ယောက်ပဲ ဖြစ်ရမယ်။" "ဒါက အစောဆုံး အီလက်ထရွန်းနစ်တေးဂီတ ဖြစ်သင့်တယ်။" ယခုရက်ပိုင်းတွင် အဖွားတစ်ဦး၏ လေမှုတ်တူရိယာဖြင့် တီးမှုတ်သည့် ဗီဒီယိုမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိနေပါသည်။ အဆိုပါ ဗီဒီယိုကို ကြည့်ရှုပြီးနောက် အင်တာနက်သုံးစွဲသူများက မှတ်ချက် များစွာပေးခဲ့ကြပါတယ်။ ၎င်းအဖွား တီးမှုတ်သည့် တူရိယာမှာ ဖူမီးတိုင်းရင်းသားလေမှုတ်တူရိယာ ဖြစ်ပေသည်။

ဖူမီးတိုင်းရင်းသားလေမှုတ်တူရိယာသည် ဝါးဖြင့် ပြုလုပ်ထားပြီး များသောအားဖြင့် တစ်ကိုယ်တော် တီးမှုတ်လေ့ရှိသော်လည်း တူရိယာအစုံလိုက် သို့မဟုတ် လူများစွာက တေးသီချင်းကို အတူတကွ တီးမှုတ်လေ့ရှိကြပါသည်။ “ဒီအဖွားဟာ ကျွန်မရဲ့ ဆရာမဖြစ်ပါတယ်။ ကျွန်မ အသက် ၁၂ နှစ်မှာ ကိုယ့်တိုင်းရင်းသားလူမျိုးရဲ့ ယဉ်ကျေးမှုကို အမွေဆက်ခံပြီး တရုတ်နိုင်ငံအနှံ့ ခရီးထွက်ခဲ့တယ်။” ရန်ရှီရှန်းသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ပိုင်၊ ဖူမီးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ဖြစ်သည့် လန်ဖိန် ပိုင်၊ ဖူမီးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှ ဖြစ်ပါသည်။ သူမ၏ ပါးစပ်တွင် လေမှုတ်တူရိယာလေးဖြင့် သံစဥ် ၉ ပိုင်းရှိသော အံ့သြဖွယ်ကောင်းသော တေးဂီတကို တီးမှုတ်နိုင်ပါသည်။

လေမှုတ်တူရိယာသည် နှစ်ပေါင်းရာနှင့်ချီ၍ ဆက်ခံလာသည့်အတွက်ကြောင့် ဖူမီး တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းများကို အပြည့်အဝ ဖော်ညွှန်းထားသည်။ ဖူမီး တိုင်းရင်းသား တို့၏ ယဥ်ကျေးမှု တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပိုမို များပြားသော လူများက ဖူမီးတိုင်းရင်းသားအကြောင်းများကို လေ့လာနိုင်သည့်အပြင် ဖူမီး တိုင်းရင်းသားတို့၏ ယဥ်ကျေးမှုကို ကမ္ဘာသို့ ဖြန့်ဖြူးမိတ်ဆက်နိုင်ရန် ရန်ရှီရှန်းက မျှော်လင့်ထားပါသည်။ “မင်္ဂလာ”မဂ္ဂဇင်း ထူထောင်ခြင်း နှစ် ၃၀ ပြည့် အခါသမယတွင် သူမသည် တရုတ်-မြန်မာနှစ်နိုင်ငံတို့ စာဖတ်ပရိသတ်များအတွက် နားဝင်ချိုသော တေးသံများ ဆောင်ကြဥ်းပေးလာပါသည်။

မတူညီသော ဝါးပျဉ်ပြားရှည်နှင့် ဝါးပျဉ်ပြားတို အချောင်း ၂၀ ကျော်အား ကြိုးဖြင့် ချည်နှောင်ထားသည့် ပတ္တလား တူရိယာမှာ မြန်မာရိုးရာတူရိယာများအနက် ရတနာတစ်ပါးဖြစ်ပါသည်။ မြန်မာနိုင်ငံ မန္တလေးမြို့မှ ကြည်စိုးမင်းသည် မန္တလေး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၏ B.A. (Music) Q ဘွဲ့ ရရှိသူတစ်ဦးဖြစ်ပါသည်။ ငယ်စဉ်ကတည်းကပင် သူသည် ပတ္တလားကို စိတ်ဝင်စားခဲ့ပါသည်။

“ဂီတရှိလျှင် ဂီတတူရိယာရှိရမည်။” ကြည်စိုးမင်း၏ အမြင်အရ ရိုးရာတူရိယာများသည် ဂီတ၏ အလှကို အမွေဆက်ခံနိုင်ပြီး ပတ္တလားမှာ မြန်မာ့ဂီတယဉ်ကျေးမှု အမွေအနှစ်များကို ဆက်ခံသည့် တူရိယာတစ်ခုဖြစ်ပါသည်။ ပတ္တလား၏ သံစဥ်မှာ ပျော့ပျောင်း၍ ကဗျာဆန်ကြောင်း၊ တစ်ကိုယ်တော် တီးခတ်နိုင်သည့်အပြင် စောင်းနှင့်အတူ တီးခတ်နိုင်ကြောင်း၊ ပတ္တလားမှာ မြန်မာနိုင်ငံ၏ ဂီတအခန်းကဏ္ဍ၏ အဓိကတေးဂီတတူရိယာဖြစ်ကြောင်း သူက ဆက်လက်မိတ်ဆက်ခဲ့ပါသည်။

“မင်္ဂလာ”မဂ္ဂဇင်းဟာ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူတွေအတွက် ကူးလူးဆက်ဆံရေး တံတားကို တက်တက်ကြွကြွ တည်ဆောက်ပေးပါတယ်။ မရေတွက်နိုင်တဲ့ ချစ်ကြည်ရေးသီချင်းတွေကို ရေးဖွဲ့ခဲ့ပါတယ်။ နွေးထွေးပြီး စိတ်လှုပ်ရှားစေပါတယ်။”“မင်္ဂလာ”မဂ္ဂဇင်း ဒီထက်မက ဖွံ့ဖြိုးတိုးတက်နိုင်ပါစေ၊ အောင်မြင်ပါစေကြောင်း ဖျော်ဖြေစဉ်အတွင်း ကြည်စိုးမင်းက ဆုတောင်းပေးပါသည်။

“နှစ်သုံးဆယ် ချစ်ကြည်ရေးတေးဂီတများ” ။ ။ လက်ချောင်းထိပ်များသည် ဝါးပေါ်၌ ကခုန်ကြပြီး ကောင်းချီးမင်္ဂလာများကို တေးဂီတတွင် ဖော်ပြကြ