မန်စီမြို့၏နေရာအနှံ့တွင် စားမယ်သောက်မယ်
ရောင်စုံယူနန်ပြည်နယ်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ သွင်ပြင်လက္ခဏာများ အထူးပါရှိသောမြို့ပြကို ပြောမိလျှင် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသို့ မဖြစ်မနေ သွားရောက်လေ့လာမည်ဖြစ်ပါသည်။
မန်စီမြို့သည် အမည်ကျော်ကြားသော စားကောင်းသောက်ဖွယ်များမြို့ပြတစ်ခုဖြစ်ပေသည်။ စကောထမင်း၊ ဆဖျဲ၊ အမဲသားလုံးမြီးရှည်၊ အမဲခြောက်၊ ကောက်ညှင်းပေါင်း၊ နာနတ်သီးထမင်းပေါင်း၊ မုန်ညင်းချဥ်စသည့် စားကောင်းသောက်ဖွယ်များမှာ တောင်တန်းဒေသနှင့် မြစ်ချောင်းတို့မှ လတ်ဆတ်သော ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ပြီးနောက် စားပွဲဝိုင်းများဆီသို့ တိုက်ရိုက် ပို့ဆောင်ခဲ့ပါသည်။ လမ်းဘေးဆိုင်များမှ သီးသန့်စားသောက်ဆိုင်များအထိ မန်စီနယ်သူနယ်သားများသည် စားကောင်းသောက်ဖွယ်များ စားသုံးရင်း တစ်နေ့တာကို ဖြတ်သန်းကြပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့် ခရီးသွားညွှန်ကြားရေးဌာန ၊ ဘာသာပြန် - Yunnan gateway)