အံ့အားသင့်စရာပါပဲ … အောက်ချင်းငှက်သည် မြို့ထဲသို့ ပျံသန်းလာခဲ့
စက်တင်ဘာလ ၂၆ ရက်နေ့တွင် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲမှ ဓာတ်ပုံဆရာ ချန့်မင်းဖူးသည် မိမိ၏နေအိမ်တွင်ပင် ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်နားနေသော အောက်ချင်းငှက်ကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များက ၎င်းငှက်မှာ တရုတ်နိုင်ငံအမျိုးသားပထမအဆင့် ကာကွယ်ထားသော တိရစ္ဆာန် Oriental Pied Hornbill ဟု အကဲဖြတ် သတ်မှတ်ကြပါသည်။ အခြားနေရာမှ ဓာတ်ပုံဆရာ သူငယ်ချင်းများက ချန့်မင်းဖူး သည် အိမ်၌ပင် ရှားပါးသောငှက်တစ်ကောင်ကို ဓာတ်ပုံရိုက်နိုင်ခဲ့သည်ကို သိရှိကြပြီး မနာလိုဖြစ်နေကြတော့သည်။
“မနက် ၈ နာရီက အိမ်မှာ အတော်လေး ရင်းနှီးတဲ့ အသံကြားလိုက်ရတယ်။ ဟိုမှာရပ်နေတဲ့ အောက်ချင်းငှက်ရဲ့ ခေါ်သံတွေပါ။ ကျွန်တော် ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ယခင်က အောက်ချင်းငှက်တွေ ရိုက်ချင်တယ်ဆိုရင် ရင်ကျန်းခရိုင် ဟုန်ဘန်မြစ် သွားရတယ်။ ဒါမှမဟုတ် ဝမ်တိန်နဲ့ ရွှေလီကို သွားရတယ်”ဟု ချန့်မင်းဖူးက ပြောဆိုပါသည်။ တစ်ချိန်က ငှက်များ ရိုက်ကူးလိုလျှင် ကီလိုမီတာ ရာနှင့်ချီ၍ ဖြတ်ကျော်ခဲ့ရသည်။ ယခုတွင်မူ ရှားပါးသောငှက်များနှင့် ယှဥ်တွဲနေထိုင်လာကြပြီ ဖြစ်ပါသည်။ မန်စီမြို့၏ ပတ်ဝန်းကျင်မှာ တစ်နေ့ထက်တစ်နေ့ ပို၍ ကောင်းမွန်လာပါသည်။ ရေ ပိုပြီး ကြည်လင်၊ သစ်ပင် ပိုပြီး များပြား၊ သဘာဝပတ်ဝန်းကျင်လည်း ပိုပြီးကောင်းမွန်သည့်အတွက် နက်ရှိုင်းသော တောင်တန်းများမှ အောက်ချင်းငှက်များသည် မန်စီမြို့တွင် လာရောက် ကျက်စားနေထိုင်ကြရန် ရွေးချယ်လိုက်ကြခြင်းပင်ဖြစ်ပါသည်။
(ဆောင်းပါးအရင်းအမြစ် - မန်စီမြို့မီဒီယာစင်တာ ၊ ဘာသာပြန် - Yunnan gateway)