သရုပ်ဖော်ပန်းချီကားများဖြင့် နေထိုင်စားသောက်မှုဘဝအတွက် အလွန်ပင်ပန်းကြီးစွာ ကြိုးစားဆောင်ရွက်နေသော လူသားများကို နှစ်သိမ့်

2022-09-30 18:58:15
အရင်းအမြစ်:新华每日电讯

အရွယ်ရောက်ပြီးသူတို့၏လောကတွင် ချစ်စဖွယ်ကောင်းလိုက်တာ ဟူသည့်စကားမှာ ဖော်ပြရန်ပင်မရှိတော့ ဟူသောပြောဆိုခြင်းကို အင်တာနက်လူမှုကွန်ရက်တွင် တွေ့ရှိခဲ့ပါသည်။

သို့ရာတွင် သရုပ်ဖော်ပန်းချီကားများရေးဆွဲသော ပန်းချီဆရာတစ်ဦးကမူ ၂၀၁၄ ခုနှစ်မှ စတင်ပြီး နေ့စဉ် မိမိရေးဆွဲသည့် ချစ်စဖွယ်ကောင်းသော ပန်းချီကားတစ်ချပ်အား လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။ လွန်ခဲ့သော ၈ နှစ်တွင် သူသည် ပန်းချီကား ၄၀၀ ကျော် မျှဝေခြင်းဖြင့် အရွယ်ရောက်ပြီးသူ သန်းပေါင်းများစွာကို နှစ်သိမ့်ခဲ့သည်။

၎င်းသရုပ်ဖော်ပန်းချီကားရေးဆွဲသူသည် “လိမ္မော်သီးကြီး”ဟု ဆိုသူဖြစ်သည်။ သူရေးဆွဲသည့်ရုပ်ပုံများက ခပ်ဝဝ၊ ခပ်ကြီးကြီးနှင့် ဝိုင်းဝိုင်းလေးဖြစ်သည်။ “ကြီးမားတဲ့အရာက လူတွေကို နွေးထွေးမှု ခံစားမိစေတယ်”ဟု သူက ပြောကြားခဲ့ပါသည်။

“လိမ္မော်သီးကြီး”သည် ကြောင်ကြီးတစ်ကောင်မွေးထားပြီး ညဥ့်နက်အလုပ်လုပ်ရာတွင် ကြောင်ကြီးက အဖော်ပြုပေးသည်။ လိမ္မော်သီးကြီးအတွက် ၎င်းကြောင်ကြီးက သူငယ်ချင်းကဲ့သို့ပင်ဖြစ်ပြီး သံယောဇဥ် ကြီးမားသည်။ ၎င်းကြောင်ကြီးသည် ရောဂါကြောင့် သေဆုံးသွားပြီးနောက် လိမ္မော်သီးကြီး၏ စိတ်ပိုင်းဆိုင်ရာ အတော်ထိခိုက်ခဲ့ပါသည်။ သူသည် ကလေးတစ်ယောက် ကြောင်ကြီးပေါ်တွင် လဲလျောင်းနေသောပန်းချီကားကို ရေးဆွဲခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းကြောင်ကြီးသည် သူ့ပန်းချီကားတွင် မကြာခဏ တွေ့ရှိရသည်။

လိမ္မော်သီးကြီး၏ပန်းချီကားတွင် ဇာတ်ကောင်သည် ယောင်ချာချာခံစားနိုင်သော်လည်း နွေးထွေးဖြူစင်သော အဖော်လုပ်ခြင်းများရှိပါသည်။ “ကျွန်တော်က နွေးထွေးတဲ့ နည်းလမ်းနဲ့ ပရိသတ်တွေကို အပြန်အလှန်အဖော်လုပ်ပေးလိုတယ်”ဟု လိမ္မော်သီးကြီးမှ ဆိုသည်။


(သတင်းရင်းမြစ်- ဆင်ဟွာနေ့စဥ်သတင်း wechat အကောင့်၊ ဘာသာပြန်- Yunnan gateway))
 

သရုပ်ဖော်ပန်းချီကားများဖြင့် နေထိုင်စားသောက်မှုဘဝအတွက် အလွန်ပင်ပန်းကြီးစွာ ကြိုးစားဆောင်ရွက်နေသော လူသားများကို နှစ်သိမ့်