ရှန်ဟိုင်းမြို့ရှိ လမ်းဘေးအနီရောင်ဖုန်းဆက်စခန်းလေးမှသည် မိုက်ခရိုစာအုပ်ဆိုင်သို့ ပြောင်းလဲလာ
2022-10-09 11:51:11
အရင်းအမြစ်:人民网
ယခုရက်ပိုင်းတွင် ရှန်ဟိုင်းမြို့ ချန်နင်ရပ်ကွက် ရှင်းဟွာလမ်းတွင် ပျင်းရိနေသော ဖုန်းဆက်စခန်းလေး ၅ ခုအား ၁ စတုရန်းမီတာရှိ မိုက်ခရိုစာအုပ်ဆိုင်အဖြစ် အသီးသီး စီစဥ်ပြောင်းလဲခဲ့သည်။ ၎င်းစာအုပ်ဆိုင်များသည် ပရဟိတစာအုပ်ဆိုင်ဖြစ်ပြီး မြို့သူမြို့သားများသည် မိမိဆန္ဒအလျောက် စာအုပ်ဆိုင်ရှိစာအုပ်များကို ဖတ်ရှုနိုင်သကဲ့သို့ ကြိုက်နှစ်သက်ပါက Scan ဖတ်ကာ ဝယ်ယူနိုင်ပါသည်။ စာအုပ်ရောင်းချရငွေသည် ပရဟိတဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။
(သတင်းရင်းမြစ်- ပြည်သူ့ကွန်ရက်၊ ဘာသာပြန်- Yunnan gateway)