အသက် ၅၂ နှစ်ရှိ လုံခြုံရေးအစောင့်တစ်ဦးသည် ရေဆိုးထုတ်မြောင်းအဖုံး၊ နံရံနှင့် လျှပ်စစ်ဆိုင်ရာသေတ္တာမျိုးစုံပေါ်တွင် ပန်းချီဆွဲခြင်းဖြင့် ဥယျာဥ်အား တိရစ္ဆာန်တိုင်းပြည်အဖြစ်သို့ ပြောင်းလဲ

2022-10-14 15:37:47
အရင်းအမြစ်:人民网

၂၀၁၉ ခုနှစ်တွင် အသက် ၅၂ နှစ်ရှိ အမျိုးသား လီဖိန်သည် ဇာတိမွေးရပ်မြေမှထွက်ခွာပြီး ရှင်းကျင့်မြို့ကြီးသို့ ရောက်ရှိလာကာ ဥယျာဥ်တစ်ခုတွင် လုံခြုံရေးအစောင့်အဖြစ် အလုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ လီဖိန်သည် ပန်းချီဆွဲတတ်သည်။ သူသည် ဥယျာဥ်အတွင်းရှိ သံချေးတက်နေသော ရေဆိုးထုတ်မြောင်း၏အဖုံး၊ နံရံအနီးတွင်ထားရှိသော လျှပ်စစ်ဆိုင်ရာသေတ္တာမျိုးစုံ နှင့် အခြားသော မလှမပနေရာများတွင် ပန်းချီကားများ စတင်ရေးဆွဲခဲ့သည်။

ပထမဆုံးတွင် သူသည် ဥယျာဥ်တံခါးအနီးရှိနံရံပေါ်တွင် တွယ်တက်နေသော အပင်နှင့်ပန်းများကို ရေးဆွဲခဲ့သည်။ ဥယျာဥ်စီမံခန့်ခွဲရေးအဖွဲ့သည် လီဖိန်၏ ပန်းချီကားကို တွေ့ရှိပြီး အလွန်ကျေနပ် နှစ်သက်ကြသည်။ ထို့နောက် လီဖိန်သည် လုံခြုံရေးကာကွယ်ရန် လည်ပတ်တာဝန်ထမ်းဆောင်ခြင်းအပြင် ဥယျာဥ်တွင် ပန်းချီရေးဆွဲခဲ့သည်။ သူ့ပန်းချီကားများသည် တစ်ဖြည်းဖြည်းလူသိများလာပြီး အခြားသော ဥယျာဥ်များကလည်း သူအား ပန်းချီရေးဆွဲပေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်နှစ်တာကာလတွင် လီဖိန်သည် ဥယျာဥ်အသီးသီး၌ ပန်းချီကားပေါင်း ၃၀၀ ကျော် ရေးဆွဲခဲ့သည်။
(သတင်းရင်းမြစ်- ပြည်သူ့ကွန်ရက်မှ ကောက်နုတ်တင်ပြသည်။ ဘာသာပြန်- Yunnan gateway)

 

အသက် ၅၂ နှစ်ရှိ လုံခြုံရေးအစောင့်တစ်ဦးသည် ရေဆိုးထုတ်မြောင်းအဖုံး၊ နံရံနှင့် လျှပ်စစ်ဆိုင်ရာသေတ္တာမျိုးစုံပေါ်တွင် ပန်းချီဆွဲခြင်းဖြင့် ဥယျာဥ်အား တိရစ္ဆာန်တိုင်းပြည်အဖြစ်သို့ ပြောင်းလဲ