ထုံးပီကွမ်သဘာဝဘေးမဲ့တောတွင် ထူးဆန်းသောငှက်ကြီးတစ်ကောင် ပထမဆုံးတွေ့ရှိခဲ့
ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ထုံးပီကွမ်သဘာဝဘေးမဲ့တောမှ ဝန်ထမ်းများသည် ပုံမှန်စုဆောင်းထားသော အနီအောက်ရောင်ခြည်ကင်မရာများမှတစ်ဆင့် ရရှိသည့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကြည့်သောအခါတွင် ထူးဆန်းသော အပြာရောင်မျက်နှာနှင့် ခဲညိုညိုရောင်ရှိသော ငှက်ကြီးတစ်ကောင်ကို တွေ့ရှိခဲ့သည်။
အဆိုပါ "ငှက်ကြီး"သည် တရုတ်နိုင်ငံ၏ ပထမအဆင့် အမျိုးသားကာကွယ်ရေးတိရစ္ဆာန်ဖြစ်ပြီး နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN)၏ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များစာအုပ်နီက ခွဲခြားသတ်မှတ်ထားသော lophophorus scalateri ငှက်ဖြစ်ကြောင်း ငှက်သုတေသန ပညာရှင်များက အတည်ပြုခဲ့သည်။ ထုံးပီကွမ်သဘာဝဘေးမဲ့တောသည် ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ပြီးနောက်ပိုင်း အဆိုပါငှက်ကို ပထမဆုံးတွေ့ရှိခဲ့ခြင်းလည်းဖြစ်ပါသည်။ ယခင်က တွေ့ရှိခဲ့ သည့် lophophorus scalateri ငှက်များမှာ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်အနောက်မြောက်ပိုင်းဒေသနှင့် Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရှေ့တောင်ပိုင်းဒေသတွင်သာ ကျက်စားနေထိုင်ပြီး ကျက်စားရာနေရာများမှာ အလွန် ကျဉ်းမြောင်းပြီး အလွန် ရှားပါးသည်။
ယခုနှစ်ပိုင်းတွင် သက်ဆိုင်ရာ သုတေသီများသည် ယူနန်ပြည်နယ် Gaoligong တောင်တွင် lophophorus scalateri ငှက်၏ လှုပ်ရှားမှုကို အကြိမ်ကြိမ် မှတ်တမ်းတင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် တောင်ဘက်သို့ ပို၍ ရောက်ရှိသော ပင်လယ်ရေမျက်နှာပြင်အမြင့် ပိုနိမ့်သောနေရာတွင်ရှိသည့် ထုံးပီကွမ်သဘာဝဘေးမဲ့တော တာ့လျန်ဆန်းတောင်တန်း ဒေသ၌ ရိုက်ကူးခဲ့သည့် အရွယ်ရောက်ပြီးသော lophophorus scalateri ငှက်အထီးမှာ တရုတ်နိုင်ငံ lophophorus scalateri ငှက်များ၏ ကျက်စားမှုအခြေအနေကို လေ့လာရန် အဓိပ္ပာယ် အထူးရှိလှသည်ကို တွေ့ရှိရပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ ယူနန်ပြည်နယ် ထုံးပီကွမ်သဘာဝဘေးမဲ့တောစီမံခန့်ခွဲမှုဌာန။ ဘာသာပြန် - Yunnan gateway)