ဤနေရာမှ ရွာသူရွာသားများသည် မြေယာငှားရမ်းခရော လစာပါ အားလုံး ရရှိ
ယခုရက်ပိုင်းတွင် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီ ဖုန်းဖိန်မြို့နယ် ကျယ့်ထောင်ကျေးရွာရှိ မန်စီ ကျားဝေါ် ခေတ်သစ်စိုက်ပျိုးရေးထုတ်လုပ်မှုဥယျာဉ်၏ ဘလူးဘယ်ရီသီးအခြေစိုက်စခန်း၌ စိုက်ပျိုးသော ဘလူးဘယ်ရီသီးရှင်သန်မှုအခြေအနေမှာ အလွန် ကောင်းမွန်လျက်ရှိနေပါသည်။ အဆိုပါဧရိယာတွင် ဘလူးဘယ်ရီသီးစိုက်ပျိုးရေးဧရိယာမှာ တရုတ်မူ ၉၀၀ ကျော် (တရုတ်မူ ၁မူသည် ၆၆၆.၆၇ စတုရန်းမီတာ ရှိပါသည်)ရှိပြီး ဇွန်လတွင် စတင်စိုက်ပျိုးခဲ့ပြီး သုံးလေးလအတွင်း ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယနှစ်မှစ၍ အထွက်နှုန်းမြင့်မားသော ကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ခံ ဖူချီချုံက ပြောဆိုပါသည်။
“လစာနဲ့ မြေငှားခကရတဲ့ ဝင်ငွေ ရှိပါတယ်။ အရင်ကထက် ဝင်ငွေ တိုးလာပါတယ်”ဟု ရွာသား ရှောင်အိုက်ကိန့်လျန်က ရွှင်မြူးစွာ ပြောပါသည်။ သူ့မိသားစုက ကုမ္ပဏီကို မြေယာ တရုတ်မူ ၁၁ မူကို ငှားပြီး တစ်နှစ်လျှင် ဝင်ငွေတရုတ်ယွမ် ၃၀၀၀၀ နီးပါးရရှိနိုင်ကြောင်း၊ ပုံမှန်အချိန်များတွင် အချိန်ပိုင်းအလုပ်များကိုလည်း လုပ်ကိုင်သေးကြောင်း၊ ငါးနှစ်ပြီးနောက် မြေယာငှားခမှာ ၅ % ဆက်လက် တိုးလာမည်ဖြစ်သည့်အတွက် ၎င်းကိုကိုယ်တိုင်စိုက်ပျိုးသည်ထက် ဝင်ငွေ ပိုရရှိနိုင်ကြောင်း သူက ဆက်လက်ပြောပါသည်။
“ရွာသားတွေက မြေငှားခနဲ့ အချိန်ပိုင်းအလုပ်တွေကနေ ဝင်ငွေရှိတယ်။ ကျေးရွာကနေ စုပေါင်းစီးပွားရေးဝင်ငွေဟာ တစ်တရုတ်မူလျှင် တရုတ်ယွမ် ၁၀၀ ဖြင့် ရရှိတဲ့အတွက် အဘက်ဘက်က အကျိုးရှိပါတယ်” ဟု မန်စီမြို့ ကျဲ့ဖုန်မြို့နယ် ဘလူးဘယ်ရီသီးအသင်းမှ တာဝန်ခံ လိုက်အိုက်မိန်က ပြောပါသည်။ ယမန်နှစ်တွင် ကျဲ့ဖုန်မြို့နယ်၏ ဘလူးဘယ်ရီသီး စိုက်ပျိုးရေးဧရိယာမှာ တရုတ်မူ ၁၁၀၀ သို့ ရောက်ရှိခဲ့ပြီး အဘက်ဘက်မှ အကျိုးကျေးဇူးများစွာရရှိခဲ့ကြောင်း သူက ဆက်လက်ပြောပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)