ချုံချင့်အန်တီကြီးတစ်ဦးသည် (၄၈)နှစ်ကာလအတွင်း လက်ရာပေါင်း(၂)သောင်းကျော်ကို ဇာထိုးပန်းထိုး ပြုလုပ်ခဲ့
2022-10-19 16:22:02
အရင်းအမြစ်:中国新闻网
ယခုနှစ်တွင် အသက်(၆၈)နှစ်ရှိပြီဖြစ်သော ချုံချင့်အန်တီကြီး လျောရီဟွာသည် ငယ်စဉ်ကတည်းက ကာတွန်းပန်းချီများကို ကြိုက်နှစ်သက်ခဲ့ပြီး အိမ်နောက်ဖေးခြံတွင် စိုက်ပျိုးထားသော ပန်းပင်များကိုလည်း သဘာကျစွာ ရှုစားလေ့ရှိပါသည်။ တစ်ခါက သူသည် စျေးထဲသို့သွားပြီး ရောင်စုံသိုးမွှေးချည် များစွာကိုဝယ်ယူခဲ့ကာ အင်္ကျီကို ဇာထိုးပန်းထိုး စတင်လုပ်ဆောင်ခဲ့သည်။ ဤသို့ဖြင့် လျောရီဟွာသည် မိမိကိုယ်ကို ဆက်လက်စိန်ခေါ်နိုင်အောင် ကြိုးပမ်းခဲ့သည်။ (၄၈)နှစ်တာကာလအတွင်း သူသည် အပ်ဖြင့် အင်္ကျီ၊ ဦးထုပ်၊ ပဝါ၊ လက်အိတ်၊ နားကပ်၊ ဆွဲကြိုး၊ စားပွဲခင်း၊ အိမ်တွင်းအလှဆင် လက်ရာပစ္စည်းများစသည်ဖြင့် လက်ရာပေါင်း(၂)သောင်းကျော်ကို ဇာထိုးပန်းထိုး ပြုလုပ်နိုင်ခဲ့ ပါသည်။
(သတင်းရင်းမြစ်၊ chinanews.com ၊ ဘာသာပြန်၊ Yunnan gateway)