ရွှေဖရုံသီးပွဲ၌ အထွက်နှုန်းကောင်းသည့်နှစ်ကို ဂုဏ်ပြုဆင်နွဲ
2022-10-19 16:23:56
အရင်းအမြစ်:新华网
ရွှေဖရုံသီးမှည့်ချိန် ဆောင်းဦးအချိန်အခါ ရောက်ရှိလာပြီဖြစ်ပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်တမ်ခရိုင်တွင် ရွှေဖရုံသီးဝက်ပေါက်ခြောက်၊ ရွှေဖရုံသီးကြော်၊ ရွှေဖရုံသီးကိတ်၊ ရွှေဖရုံသီးအမဲသားကြော်၊ crystal ရွှေဖရုံသီး၊ ရွှေဖရုံသီးမျှစ်ချဉ်ကြော်၊ ရွှေဖရုံသီးဆန်ပြုတ် စသဖြင့် ဤရာသီချိန်ထွက်ရှိသည့် ရွှေဖရုံသီးကို အများပြည်သူတို့၏ ထမင်းဝိုင်းတွင် ဟင်းလျာပုံစံမျိုးစုံဖြင့် တွေ့မြင်နိုင်သည်။ ခံတွင်းချိုပြီး အရသာကောင်းလှကာ မမေ့နိုင်စဖွယ် အမှတ်တရဖြစ်စေသည်။
ယခုနှစ် စစ်တမ်ခရိုင် ဟော်ယွမ်ရွာတွင် ရွှေဖရုံသီးအချို မူပေါင်း(၅၀၀၀)ကျော် (၈၂၃.၆၈ ဧကခန့်) စိုက်ပျိုးထားပြီး ခန့်မှန်းထွက်နှုန်းမှာ ယွမ်(၁၃)သန်းခန့် ရှိနိုင်ကြောင်း သိရပါသည်။
(သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)