တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀)ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက် အစီရင်ခံစာနှင့်ပတ်သက်ပြီး မေးမြန်းထားသည်များကို မြန်မာဘာသာ AI အစီအစဉ်တင်ဆက်သူနှင့်အတူ လေ့လာကြပါစို့(၁)

2022-10-19 16:58:28
အရင်းအမြစ်:云南日报

 

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀)ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက်ကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပသည်။ (၂၀)ကြိမ်မြောက်ကွန်ဂရက်သည် တရုတ်ပြည်၏ ဘက်ပေါင်းစုံမှ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ တည်ဆောက်ရေးသို့ တက်လှမ်းသည့် ခရီးစဉ်သစ်၊ ဒုတိယ နှစ်တစ်ရာ ရည်မှန်းချက်ပန်းတိုင် ဆီသို့ ချီတက်သည့် သော့ချက်အခိုက်အတန့်တွင် ကျင်းပသည့် အလွန်အရေးကြီးသော ကွန်ဂရက် ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်က (၁၉)ကြိမ်မြောက် ဗဟို ကော်မတီကိုယ်စား (၂၀)ကြိမ်မြောက်ကွန်ဂရက်သို့ အစီရင်ခံစာ တင်ပြခဲ့သည်။

(၂၀)ကြိမ်မြောက်ကွန်ဂရက် အစီရင်ခံစာနှင့်ပတ်သက်၍ တရုတ်-မြန်မာစာဖတ် ပရိသတ်များ စိတ်ဝင်စားကြသည့် တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆိုင်သော မေးခွန်းများကို ရှင်းလင်း ဖြေကြားရန်အတွက် ယူနန်ပြည်နယ် တောင်အာရှ အရှေ့တောင်အာရှ‌ဒေသ အပြည်ပြည် ဆိုင်ရာ ပေါင်းကူးဆက်သွယ်ရေးစင်တာသည် ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်ရှိ ယူနန် ပြည်နယ် AI နည်းပညာဌာန၊ ကမ္ဘာသုံးမဟုတ်သောဘာသာစကား များဆိုင်ရာ ဉာဏ်ရည်တုသတင်းအချက်အလက်နည်းပညာ (ယူနန်) ကုမ္ပဏီလိမိတက်တို့နှင့် ပူးပေါင်း ကာ AI ဘာသာပြန်နည်းပညာမှတစ်ဆင့်၊ AI အစီအစဉ်တင်ဆက်သူပုံစံဖြင့် ရှင်းလင်း ဖြေကြား သွားမည် ဖြစ်ပါသည်။


လွန်ခဲ့သော ၅ နှစ်တာကာလတွင် တရုတ်ပြည်သည် မည်သည့် အောင်မြင်မှုများကို ရရှိခဲ့ပါသနည်း

 

အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ။ ။ (၁၉)ကြိမ်မြောက်ကွန်ဂရက်နောက်ပိုင်း ငါးနှစ်တာ ကာလမှာ သာမန်ထက်အထူးလွန်ကဲ၍ ပုံမှန်ထက်အလွန်ထူးကဲသော ငါးနှစ်တာကာလ ဖြစ်သည်။ ပါတီဗဟိုကော်မတီသည် တရုတ်အမျိုးသားမဟာပြန်လည်ဆန်းသစ်ရေး မဟာ ဗျူဟာအခင်းအကျင်းတစ်ခုလုံးနှင့် ကမ္ဘာကြီး၏ ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲ ကြီးတို့ကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲ၍ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ ပါတီနှင့်နိုင်ငံတော်၏ လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရေးအတွက် အရေးကြီးသော မဟာဗျူဟာ အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့သည်။ ပါတီတစ်ခုလုံး၊ တပ်မတော်တစ်ခုလုံးနှင့် တစ်တိုင်းပြည်လုံးရှိ တိုင်းရင်းသားပြည်သူအပေါင်းတို့အား စည်းလုံးညီညွတ်စွာ ဦးဆောင်၍ ဆိုးဝါးရှုပ်ထွေး လှသော နိုင်ငံတကာအခြေအနေနှင့် ဆက်တိုက်ဆိုသလို ဆိုက်ရောက်လာသည့် ကြီးမား သော အန္တရာယ် စိန်ခေါ်မှုများကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ကိုယ်ထူးကိုယ်ချွန် ကြိုးစားသော စိတ်ဓာတ်ဖြင့် ခေတ်သစ်တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်စနစ်ကို ရှေ့သို့မပြတ် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။


ငါးနှစ်တာကာလအတွင်း မိမိတို့သည် ပါတီ၏ ဘက်စုံဦးဆောင်မှုနှင့် ပါတီဗဟို ကော်မတီ၏ စုစည်းဦးဆောင်မှုတို့ကို ခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။ ဘက်ပေါင်းစုံမှ ချောင်လည်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အစွမ်းကုန် တွန်းအား ပေး ဆောင်ရွက်ခဲ့သည်။ ဖွံ့ဖြိုးမှုအတွေးအယူသစ်ကို ပြည့်ပြည့်စုံစုံ၊ တိတိကျကျ၊ ဘက်ပေါင်းစုံမှ ကျင့်သုံးဖော်ဆောင်ခဲ့သည်။ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်လုပ်ဆောင် ခဲ့သည်။ ဖွံ့ဖြိုးမှုအခင်းအကျင်းသစ်ကို တက်တက်ကြွကြွ တည်ဆောက်ခဲ့သည်။ ပြုပြင် ပြောင်းလဲရေးကို မြန်မြန်ဆန်ဆန်နှင့် တည်တည်ငြိမ်ငြိမ် ဖော်ဆောင်ခဲ့သည်။ ပြည်သူ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်ရပ်လုံး၏ တိုးတက်ဖြစ်ထွန်းရေးကို ထိထိမိမိ ဖော်ဆောင်ခဲ့သည်။ တရားဥပဒေနှင့်အညီ တိုင်းပြည်စီမံအုပ်ချုပ်ရေးကို ဘက်ပေါင်းစုံမှ ဖော်ဆောင်ခဲ့သည်။ ဆိုရှယ်လစ် ခေတ်မီယဉ်ကျေးမှု တိုးတက်ဖြစ်ထွန်းရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့ သည်။ ပြည်သူတို့၏ အလုပ်အကိုင် လုံခြုံရေးနှင့် တိုးတက်ကောင်းမွန်ရေးကို ပေါ်လွင် ထင်ရှားစွာ ဆောင်ရွက်ပေးခဲ့သည်။ အင်အားစုစည်း၍ ဆင်းရဲခြင်းမှလွတ်ကင်းရေး တိုက်ပွဲကို ဆင်နွှဲခဲ့သည်။ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို အစွမ်းကုန် ဖော်ဆောင်ခဲ့သည်။ နိုင်ငံတော်လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ခဲ့သည်။ ကြီးမားသော အန္တရာယ်များကို ကာကွယ်ဖြေရှင်းခဲ့သည်။ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းခဲ့ သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီတည်ဆောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဖော်ဆောင်ခဲ့သည်။ တရုတ်ဝိသေသဆောင်သော နိုင်ငံကြီးသံခင်းတမန်ခင်းကို ဘက်စုံထောင့်စုံ ကျင့်သုံးဖော်ဆောင်ခဲ့သည်။ ပါတီ၏ မဟာလုပ်ငန်းစဉ်သစ် တည်ဆောက် ရေးကို ဘက်ပေါင်းစုံမှ ဖော်ဆောင်ခဲ့သည်။


မိမိတို့သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်တို့ကို ခမ်းနားသိုက်မြိုက်စွာ ဂုဏ်ပြုကျင်းပခဲ့သည်။ တတိယမြောက် သမိုင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ပါတီတစ်ခုလုံးတွင် ပါတီသမိုင်း လေ့လာရေးနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ကြီးမြတ်သော ပါတီ တည်ထောင်ခြင်းစိတ်ဓာတ်ကို တစ်ပါတီလုံး လေ့လာ၍ ကျင့်သုံးဖော်ဆောင်ရန် ဆော်သြခဲ့ သည်။ အထူးသဖြင့် ရုတ်တရက် ကျရောက်လာသည့် ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ရာတွင် မိမိတို့သည် ပြည်သူသာလျှင် အဓိက၊ အသက်ကယ်ရေး အဓိကဟူသော မူဝါဒကို မြဲမြဲစွဲကိုင်ခဲ့ သည်။ လှုပ်ရှားသုညကိုဗစ်မူဝါဒ(dynamic zero COVID-19 strategy,ကိုဗစ်-၁၉ ရောဂါတစ်ခုတွေ့လျှင် တစ်ခုတိုက်ဖျက်ခြင်း)ကို မြဲမြဲစွဲကိုင်ခဲ့သည်။ ကပ်ရောဂါခုခံ တိုက်ဖျက်ရေး ပြည်သူ့စစ်ပွဲ၊ အထွေထွေစစ်ပွဲ၊ ခုခံရေးစစ်ပွဲတို့ကို ဆင်နွှဲခဲ့သည်။ ပြည်သူတို့၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးတို့ကို အမြင့်ဆုံးအတိုင်းအတာအထိ ကာကွယ် စောင့်ရှောက်ပေးနိုင်ခဲ့သည်။ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းမှ ကြီးမားသော ရလဒ်ကောင်းများ ရရှိခဲ့သည်။


ဟောင်ကောင် မတည်မငြိမ်ဖြစ်မှုကို ရင်ဆိုင်ရာတွင် မိမိတို့သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ဟောင်ကောင်အခြေခံဥပဒေတို့နှင့်အညီ အထူးအုပ်ချုပ်ရေးဒေသ၏ ဘက်စုံစီမံ အုပ်ချုပ်မှုအာဏာကို ထိထိရောက်ရောက် ကျင့်သုံးဆောင်ရွက်ခဲ့သည်။ "နိုင်ငံချစ်စိတ်ရှိသူက ဟောင်ကောင်ကို စီမံအုပ်ချုပ်ရေး"ဟူသော မူကို ကျင့်သုံးဖော်ဆောင်ခဲ့သည်။ ဟောင်ကောင် အခြေအနေအား ဆူပူလှုပ်ရှားမှုမှ ငြိမ်ဝပ်ပိပြားမှုသို့ ပြန်လည်ရောက်ရှိစေသည့် ကြီးမားသော အချိုးအကွေ့ကို ဖော်ဆောင်ခဲ့သည်။ "ထိုင်ဝမ်သီးခြားရပ်တည်ရေး" အင်အားစု၏ ခွဲထွက် ရေးလှုပ်ရှားမှုနှင့် ထိုင်ဝမ်အရေးကိစ္စအား ပြည်ပမှ ဝင်ရောက်စွက်ဖက်မှု၏ ဆိုးရွားသော စိန်ခေါ်ရန်စမှုတို့ကို ရင်ဆိုင်ရာတွင် မိမိတို့သည် ခွဲထွက်မှုဆန့်ကျင်ရေး၊ စွက်ဖက်မှုဆန့်ကျင် ရေး အရေးကြီးတိုက်ပွဲကို ပြတ်ပြတ်သားသား ဆင်နွှဲခဲ့သည်။ မိမိတို့ နိုင်ငံတော်၏ အချုပ် အချာအာဏာနှင့် ပိုင်နက်နယ်ပယ်တည်တံ့ရေးကို ကာကွယ်စောင့်ရှောက်သော၊ "ထိုင်ဝမ် သီးခြားရပ်တည်ရေး"ကို ဆန့်ကျင်သော ပြတ်သားသည့် စိတ်ဓာတ်နှင့် တောင့်တင်းသည့် စွမ်းအားတို့ကို ပြသခဲ့သည်။ နိုင်ငံတကာအခြေအနေ တစ်ဟုန်ထိုး ပြောင်းလဲလာမှုကို ရင်ဆိုင်ရာတွင် မိမိတို့သည် မဟာဗျူဟာ ခိုင်မာပြတ်သားမှုကို ထိန်းသိမ်းခဲ့သည်။ တိုက်ပွဲ ဝင်စိတ်ဓာတ်ကို ထွန်းကားပြန့်ပွားစေခဲ့သည်။ တိုက်ပွဲဝင်ရင်း တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် အဓိကအကျိုးစီးပွားကို ကာကွယ်ခဲ့သည်။ မိမိတိုင်းပြည် ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဦးဆောင်မှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။


ငါးနှစ်တာကာလအတွင်း မိမိတို့ပါတီသည် ပြည်သူကို စည်းလုံးညီညွတ်စွာ ဦးဆောင်၍ ကာလရှည်ကြာ မဖြေရှင်းနိုင်ခဲ့သည့် အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည်။ ရေရှည် အကျိုး စီးပွားနှင့်ဆိုင်သည့် အရေးကြီးသောကိစ္စ၊ အရေးပါသောကိစ္စများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ပါတီနှင့်နိုင်ငံတော်၏ လုပ်ငန်းများကို တစ်ကမ္ဘာလုံး အာရုံစိုက်လာ ရလောက်သည့် ကြီးမားသော အောင်မြင်မှုများ ရရှိအောင် တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ သည်။
 

တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀)ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက် အစီရင်ခံစာနှင့်ပတ်သက်ပြီး မေးမြန်းထားသည်များကို မြန်မာဘာသာ AI အစီအစဉ်တင်ဆက်သူနှင့်အတူ လေ့လာကြပါစို့(၁)