တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀)ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက် အစီရင်ခံစာနှင့်ပတ်သက်ပြီး မေးမြန်းထားသည်များကို မြန်မာဘာသာ AI အစီအစဉ်တင်ဆက်သူနှင့်အတူ လေ့လာကြပါစို့(၂)
အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀)ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက်ကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပသည်။ (၂၀)ကြိမ်မြောက်ကွန်ဂရက်သည် တရုတ်ပြည်၏ ဘက်ပေါင်းစုံမှ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ တည်ဆောက်ရေးသို့ တက်လှမ်းသည့် ခရီးစဉ်သစ်၊ ဒုတိယ နှစ်တစ်ရာ ရည်မှန်းချက်ပန်းတိုင် ဆီသို့ ချီတက်သည့် သော့ချက်အခိုက်အတန့်တွင် ကျင်းပသည့် အလွန်အရေးကြီးသော ကွန်ဂရက် ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်က (၁၉)ကြိမ်မြောက် ဗဟို ကော်မတီကိုယ်စား (၂၀)ကြိမ်မြောက်ကွန်ဂရက်သို့ အစီရင်ခံစာ တင်ပြခဲ့သည်။
(၂၀)ကြိမ်မြောက်ကွန်ဂရက် အစီရင်ခံစာနှင့်ပတ်သက်၍ တရုတ်-မြန်မာစာဖတ် ပရိသတ်များ စိတ်ဝင်စားကြသည့် တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆိုင်သော မေးခွန်းများကို ရှင်းလင်း ဖြေကြားရန်အတွက် ယူနန်ပြည်နယ် တောင်အာရှ အရှေ့တောင်အာရှဒေသ အပြည်ပြည် ဆိုင်ရာ ပေါင်းကူးဆက်သွယ်ရေးစင်တာသည် ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်ရှိ ယူနန် ပြည်နယ် AI နည်းပညာဌာန၊ ကမ္ဘာသုံးမဟုတ်သောဘာသာစကား များဆိုင်ရာ ဉာဏ်ရည်တုသတင်းအချက်အလက်နည်းပညာ (ယူနန်) ကုမ္ပဏီလိမိတက်တို့နှင့် ပူးပေါင်း ကာ AI ဘာသာပြန်နည်းပညာမှတစ်ဆင့်၊ AI အစီအစဉ်တင်ဆက်သူပုံစံဖြင့် ရှင်းလင်း ဖြေကြား သွားမည် ဖြစ်ပါသည်။
တရုတ်ပုံစံ ခေတ်မီတည်ဆောက်မှု ဆိုသည်မှာ အဘယ်နည်း
အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ။ ။ ယခုမှစ၍ တရုတ်ကွန်မြူနစ်ပါတီ၏ အဓိက တာဝန်မှာ တစ်တိုင်းပြည်လုံးရှိ တိုင်းရင်းသားပြည်သူအပေါင်းအား စည်းလုံးညီညွတ်စွာ ဦးဆောင်၍ ဆိုရှယ်လစ်ခေတ်မီအင်အားကြီးနိုင်ငံဖြစ်အောင် ဘက်ပေါင်းစုံမှ တည်ဆောက် ၍၊ ဒုတိယ နှစ်တစ်ရာ ရည်မှန်းချက်ပန်းတိုင် အကောင်အထည်ဖော်မည်ဖြစ်ရာ၊ တရုတ်ပုံစံ ခေတ်မီတည်ဆောက်မှုဖြင့် တရုတ်အမျိုးသားမဟာပြန်လည်ဆန်းသစ်ရေးကို ဘက်ပေါင်းစုံမှ ဖော်ဆောင်ရန်ပင် ဖြစ်သည်။
တရုတ်ပုံစံ ခေတ်မီတည်ဆောက်မှုဆိုသည်မှာ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် ဆိုရှယ်လစ်ခေတ်မီတည်ဆောက်မှုပင် ဖြစ်၍ နိုင်ငံအသီးသီးမှ ခေတ်မီတည်ဆောက်မှုများ၏ တူညီသော ဝိသေသလက္ခဏာများ ပါရှိသကဲ့သို့ မိမိနိုင်ငံ၏ ပကတိအခြေအနေကို အခြေခံ သည့် တရုတ်ဝိသေသလက္ခဏာ ပို၍ဆောင်ပေသည်။ တရုတ်ပုံစံ ခေတ်မီတည်ဆောက်မှု သည် လူဦးရေပမာဏ ကြီးမားသည့် ခေတ်မီတည်ဆောက်မှု ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး အတူကြီးပွားရေး၏ ခေတ်မီတည်ဆောက်မှု ဖြစ်သည်။ ရုပ်ဝတ္ထုယဉ်ကျေးမှုနှင့် စိတ်ဓာတ် ယဉ်ကျေးမှုတို့ ပေါင်းစပ်ညှိနှိုင်းထားသည့် ခေတ်မီတည်ဆောက်မှု ဖြစ်သည်။ လူနှင့် သဘာဝ ပတ်ဝန်းကျင်သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်သည့် ခေတ်မီတည်ဆောက်မှု ဖြစ်သည်။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို လိုက်သည့် ခေတ်မီတည်ဆောက်မှု ဖြစ်သည်။
တရုတ်ပုံစံ ခေတ်မီတည်ဆောက်မှု၏ မရှိမဖြစ် အဓိကတောင်းဆိုချက်မှာ တရုတ်ကွန်မြူ နစ်ပါတီ၏ ဦးဆောင်မှုကို မြဲမြဲစွဲကိုင်ထားရေး၊ တရုတ်ဝိသေသဆိုရှယ်လစ်ဝါဒကို မြဲမြဲစွဲ ကိုင်ထားရေး၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး၊ ပြည်သူ့ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်ရပ်လုံး တိုးတက်ဖြစ်ထွန်းရေး၊ ပြည်သူတို့၏ စိတ်ဓာတ်ရေးရာ ပြည့်စုံ ကြွယ်ဝစေရေး၊ ပြည်သူတစ်ရပ်လုံး အတူကြီးပွားအောင် ဖော်ဆောင်ရေး၊ လူနှင့် သဘာဝ ပတ်ဝန်းကျင် သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် ကြိုးပမ်းရေး၊ လူသားတို့၏ ဘုံကံကြမ္မာအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေး ဆောင်ရွက်ရေး၊ လူ့ဘောင် အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းမှု ပုံစံသစ်ကို ဖန်တီးရေးတို့ ဖြစ်သည်။
ဆိုရှယ်လစ်ခေတ်မီအင်အားကြီးနိုင်ငံဖြစ်အောင် ဘက်ပေါင်းစုံမှ တည်ဆောက်ရေး၏ မဟာ ဗျူဟာအစီအစဉ်မှာ အဆင့်နှစ်ဆင့် လျှောက်လှမ်းရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်အထိ ဆိုရှယ်လစ်ခေတ်မီတည်ဆောက်မှုကို ယေဘုယျအားဖြင့် အကောင်အထည်ဖော် ရမည်။ ၂၀၃၅ ခုနှစ်မှ ယခုရာစုနှစ်လယ်အထိ မိမိနိုင်ငံကို ချမ်းသာကြွယ်ဝ၍ အင်အား တောင့်တင်းသော ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားသော သဟဇာတရှိစွာ လှပသော ဆိုရှယ်လစ်ခေတ်မီအင်အားကြီးနိုင်ငံဖြစ်အောင် တည်ဆောက်ရမည်ဖြစ်သည်။ လာမည့် ငါးနှစ်တာကာလသည် ဘက်ပေါင်းစုံမှ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ တည်ဆောက်ရေး၏ ခြေလှမ်းအစဖြစ်သော သော့ချက်ကာလ ဖြစ်ပေသည်။