တရုတ်-မြန်မာနယ်စပ်မှ လူငယ်များ၊ ဘောလုံးကစားကြရအောင်

2022-10-20 19:04:11
အရင်းအမြစ်:人民网

မွန်းတည့်ချိန်ရောက်ခါနီးတွင် လောင်မြိုက်နေသော နေရောင်ခြည်သည် ရင်ကျန်းခရိုင်ကို ထိုးပြ လျက်ရှိနေပါသည်။ တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျူချန်း မြို့လယ် ဗဟိုမူလတန်းကျောင်း၏ ကစားကွင်းတွင် အတန်းအသီးသီးမှ ကလေးတစ်စုသည် ကာယပညာဆရာမ ယွီထိုင်ခွမ်၏ ဝီစီမှုတ်ကာ ဘောလုံးလေ့ကျင့်မှုကို စတင်ခဲ့သည်။ ဆရာမက သေသေချာချာ သင်ပေးပြီး ကလေးတွေက ကောင်းကောင်း လေ့ကျင့်လျက်ရှိပါသည်။


"ဘောလုံးကို ငယ်ငယ်ကတည်းက ကျောင်းသားတွေရဲ့ စိတ်ပါဝင်စားမှုကို မွေးမြူလိုက်ပါတယ်။ ဘောလုံးကစားတဲ့အခါမှာ ဒီကျောင်းသူကျောင်းသားတွေကို ပျော်ရွှင်မှုအပြည့်နဲ့ ခံစားစေပါတယ်။ ညီရင်းအစ်ကိုစည်းလုံးမှု၊ ဇွဲလုံ့လနဲ့ ရိုးသားတဲ့စိတ်ဓာတ်ကိုလည်း သင်ယူရရှိစေပါတယ်" ဟု အဆိုပါကျောင်းအုပ်ကြီး ချွန်တိုက်ကန်က ပြောသည်။


ကျောင်းသူကျောင်းသားအုပ်စုအဖွဲ့များ၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် ထူထောင်လာခဲ့သည့် ဘောလုံးအသင်းသည် ယင်းအသင်းမှတစ်ဆင့် ဘောလုံးအားကစားလှုပ်ရှားမှုကို ပိုမို ရေပန်းစားလာ စေရန်၊ ကလေးငယ်များအား ဘောလုံးအားကစားလှုပ်ရှားမှုကို နှစ်သက်စေရန်နှင့် ကလေးငယ်များ အတွက် ကျန်းမာပျော်ရွှင်သော အနာဂတ်ကို ဖန်တီးနိုင်စေရန် ရည်ရွယ်ထားပါသည်။ "ကလေးတွေဟာ ဘောလုံးကို ချစ်မြတ်နိုးပြီး အလွှာပေါင်းစုံမှာ ဘောလုံးကစားနိုင်တဲ့ သူတွေဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ယွီထိုင်ခွမ်က စာသင်ကျောင်းဘောလုံးအားကစားလှုပ်ရှားမှုကို မြှင့်တင်ဖြန့်ဖြူး ရာတွင် ကလေးငယ်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေး များကို ပုံဖော်နိုင်မည်ဟု မျှော်လင့်ပါသည်။ သူ့အမြင်မှာတော့ ဒါက ဘောလုံး၏ ပိုပြီး အရေးကြီးသည့် အဓိပ္ပာယ်ဖြစ်ပါသည်။



 

တရုတ်-မြန်မာနယ်စပ်မှ လူငယ်များ၊ ဘောလုံးကစားကြရအောင်