ရပ်ကွက် ဝန်ဆောင်မှုကို ပိုမို နွေးထွေးစေမည်
ဆောင်းဦးရာသီအစောပိုင်းတွင် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီကျင့်ဟွာရပ်ကွက်သို့ ၀င်ရောက်ကာ ပြန်လည်မွမ်းမံပြင်ဆင်နေသည့် ရပ်ကွက် ဝန်ဆောင်မှုခန်းမဘေးတွင် အင်တာနက် ရေပန်းစားသောနေရာကို တည်ဆောက်မည်ဖြစ်ပါသည်။ "စာအုပ်ကို အေးအေးဆေးဆေး ဖတ်ပြီး စာအုပ်တွေရဲ့ အနှစ်သာရကို ခံစားလိုက်ပါ။" အဆိုပါရပ်ကွက်၏ တာဝန်ရှိသူ ဖန်ယွီလန်က စိတ်လှုပ်ရှားစွာ ပြောပါသည်။ "၁၀၀ တုရန်းမီတာရှိတဲ့ ဖောက်ထွင်းမြင်ရတဲ့ စာကြည့်တိုက််ကို ကျွန်မတို့ တည်ဆောက်နေပါတယ်။ စာကြည့်တိုက်ထဲမှာ တိုင်းရင်းသားလူမျိုးစု စာအုပ်ပေါင်း ၁၀၀၀ စုဆောင်းခင်းကျင်းပါတယ်။ အနာဂတ်မှာ စာအုပ်တွေ မျိုးစုံထည့်သေးမယ်"ဟု သူမက ဆက်လက်ပြောပါသည်။
တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၄ နာရီခွဲတွင် အဆိုပါရပ်ကွက်သည် ကျောင်းစေတနာ့ဝန်ထမ်းများကို ခန့်အပ်ကာ ကလေးများအား ပန်းချီသင်တန်း ပို့ချပေးကြောင်း၊ ရုံးဝန်ထမ်းများ၏ သားသမီးများက ကျောင်းဆင်းပြီး စောင့်ရှောက်ပေးသူမရှိသည့် စိုးရိမ်မှုကို ဖြေရှင်းပေးကြောင်း သတင်းအရ သိရပါသည်။ "ကျွန်မက ရပ်ကွက်က ဆောင်ကြဥ်းတဲ့ ကျေးဇူးတွေကို ခံစားမိပါတယ်။ ကျွန်မတို့ ရပ်ကွက်ကိုလည်း ကျေးဇူးတင်ပါတယ်" ဟု တိုင်တိုင်းရင်းသား နေထိုင်သူ ရှန်လီမွန်က ပြောပါသည်။ သူမ၏ ကလေးသည် ယခုနှစ်တွင် ၆ တန်း တက်နေပြီဖြစ်ပါသည်။ ကျောင်းဆင်းပြီးနောက် ယင်းကလေးသည် ဗဟုသုတများစွာ သင်ယူနိုင်သည့်အပြင် စောင့်ရှောက်မှုလည်း ရရှိနိုင်ပါသည်။
"ကျွန်မတို့ ရပ်ကွက်ဟာ တိုင်းရင်းသားရိုးရာပွဲတော်တွေနဲ့ နေ့ထူးနေ့မြတ်လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒေသဒြပ်မဲ့ယဥ်ကျေးမှုအမွေဆက်ခံသူများကို ဖိတ်ခေါ်ပြီး လက်မှုပညာသင်တန်း တွေကို ဖွင့်လှစ်ခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်းမှာ စာဖတ်မျှေ၀ပွဲ ၁၀၀ ကျော်နဲ့ ယဉ်ကျေးမှုဆိုင်ရာ မွမ်းမံှုသင်တန်းပေါင်း ၈၆ ခု ကျင်းပခဲ့ပါတယ်" ဟု ဖန်ယွီလန်က ပြောကြားခဲ့ပါသည်။ ဝန်ဆောင်မှု ပလက်ဖောင်းအမျိုးမျိုးကို အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ခြင်း၊ ဝန်ဆောင်မှုလုပ်ဆောင်ချက်များကို မြှင့်တင်စေခြင်း၊ ကုလားထိုင်များ၊ ထီးများ၊ ရိုးရှင်းသော အရေးပေါ်သူနာပြုကိရိယာများကို တပ်ဆင်ခြင်း၊ အခမဲ့ရေပူ၊ အားသွင်းခြင်းနှင့် အခြားဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် ဝန်ဆောင်မှုများကို ပိုမိုနွေးထွေးစေလာမည်ဖြစ်ကြောင်း သူမက ဆက်လက်ပြောပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ ယူနန်နေ့စဥ်သတင်းစာအဖွဲ့။ ဘာသာပြန် - Yunnan gateway)