ပန်ဒါနီတစ်ကောင်သည် ကူမင်းမြို့ ယွမ်ထုံးတောင်တိရစ္ဆာန်ဥယျာဥ်မှ တိတ်တဆိတ်ထွက်ခွာပြီး ယူနန်တက္ကသိုလ်တွင် လည်ပတ်ခဲ့
2022-10-24 18:24:41
အရင်းအမြစ်:春城晚报
ယခုရက်ပိုင်းတွင် ကူမင်းမြို့ ယွမ်ထုံးတောင်တိရစ္ဆာန်ဥယျာဥ်ရှိ ပန်ဒါနီတစ်ကောင်သည် တိရစ္ဆာန် ဥယျာဥ်မှ တိတ်တဆိတ်ထွက်ခွာလာပြီး ယူနန်တက္ကသိုလ်သို့ လည်ပတ်ခဲ့သည်။ သူသည် တက္ကသိုလ် ကျောင်းသူကျောင်းသားများအိမ်ဆောင်သို့ရောက်ရှိပြီး အဝတ်လျှော်စက်ပေါ်တွင် လဲလျောင်းခဲ့သည်။
အဆိုပါအခြေအနေသိရှိပြီးနောက် တိရစ္ဆာန်ဥယျာဥ်မှတာဝန်ရှိသူများသည် ပန်ဒါနီကို တိရစ္ဆာန်ဥယျာဥ် သို့ ပြန်လည် ပို့ပေးခဲ့သည်။
(သတင်းရင်းမြစ်- Chuncheng ညသတင်းစာ၊ ဘာသာပြန်- Yunnan gateway)