တရုတ်လျှပ်စစ်စောင်များ ဥရောပတွင် ရေပန်းစားလျက်ရှိ

2022-10-24 18:26:21
အရင်းအမြစ်:央视网

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံထုတ် လျှပ်စစ်အပူပေးစက်၊ လျှပ်စစ်စောင် စသည့်ကုန်စည်များ ဥရောပသို့ တင်ပို့နှုန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြည်ပသို့တင်ပို့သော လျှပ်စစ်အပူပေးစက်နှင့် လျှပ်စစ်စောင်တို့၏ စုစုပေါင်းတန်ဖိုးသည် ဒေါ်လာ သန်း ၄၉၀ နှင့် ဒေါ်လာ ၃၃.၄ သန်း အသီးသီးရောက်ရှိခဲ့ကာ လျှပ်စစ်စောင်၏ တိုးတက်နှုန်းသည် ၉၇% ရောက်ရှိခဲ့သည်။

ထို့အတူ အချို့သော နိုင်ငံဖြတ်ကျော်အီးကောမာ့စ်ပလက်ဖောင်းတွင် အပူပေးစက်နှင့် ခြေထောက်အနွေးပေးပစ္စည်း စသည့်ကုန်စည်တို့၏ ရောင်းအားသည်လည်း ဥရောပစျေးကွက်၌ အရှိန်မြင့် တိုးတက်ခဲ့လာသည်။

ဆောင်းရာသီရောက်ခါနီးအချိန်တွင် ဥရောပနိုင်ငံများစွာသည် စွမ်းအင်ချွေတာခြင်းဆိုင်ရာ အစီအမံများ ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဥရောပ၏ ဆောင်းရာသီအပူပေးမှုအခြေအနေကို တိုက်ရိုက် ထိခိုက်လျက်ရှိသည်။ စပိန်နိုင်ငံသည် ဒေသစံတော်ချိန် သြဂုတ်လ ၁ ရက်နေ့တွင် စွမ်းအင်ချွေတာ ခြင်းအစီအစဥ်ကို ခွင့်ပြုပေးခဲ့ပြီး ကုမ္ပဏီလုပ်ငန်းများ၊ စျေးကွက်များ၊ သယ်ယူပို့ဆောင်ရေးယာဥ်များက ဆောင်းရာသီ၌ အပူပေးနိုင်သော အပူချိန်သည် ၁၉ စင်တီဂရိတ်တီဂရိတ်အောက်တွင် မဖြစ်မနေ ထိန်းသိမ်းရမည်ဖြစ်ကြောင်း ကန့်သတ်ထားခဲ့သည်။ အီတလီနိုင်ငံသည်လည်း စက်တင်ဘာလ ၆ ရက်နေ့ တွင် ပြည်တွင်းနေရာအသီးသီးက ဆောင်းရာသီ၌ အခန်းတွင်းအပူချိန်အား ၁၅ ရက် ချုံ့စေပြီး အပူချိန် ၁ စင်တီဂရိတ် ကျဆင်းစေကာ နေ့စဥ်အပူပေးအချိန်ကိုလည်း ၁ နာရီလျှော့ရန် သတ်မှတ်ထားခဲ့သည်။ အင်္ဂလန်နိုင်ငံ နိုင်ငံတော်လျှပ်စစ်ကွန်ရက်သည် အောက်တိုဘာလ ၆ ရက်နေ့တွင် ယခုနှစ်ဆောင်းရာသီ တွင် အင်္ဂလန်နိုင်ငံရှိ နေအိမ်များတွင် လျှပ်စစ်မီးပျက်ခြင်းအခြေအနေ ဖြစ်ပေါ်နိုင်ခြေရှိပြီး တစ်ကြိမ် လျှင် ၃ နာရီအထိ လျှပ်စစ်မီးပျက်နိုင်ကြောင်း သတိပေးကြေညာခဲ့သည်။

ဥရောပရှိ စွမ်းအင်ချို့တဲ့ခြင်းကြောင့် အပူပေးမှုလျှော့ချသည့်အပြင် စွမ်းအင်စျေးနှုန်းကြီးမြင့်မှုနှင့် လူများ၏နေထိုင်မှုကုန်ကျစရိတ်များ မြင့်တက်လာစေသည်။ ယခုနှစ်ဆောင်းရာသီကို အဆင်ပြေစွာ ဖြတ်ကျော်နိုင်ရန် ဥရောပစားသုံးသူများသည် စျေးနှုန်းနှင့်အကျိုးဆောင်မှု ပိုမိုကောင်းမွန်သော အပူပေးနည်းလမ်းများ အရေးတကြီး လိုအပ်လျက်ရှိနေသည်။
(သတင်းရင်းမြစ်- CCTV ကွန်ရက်၊ ဘာသာပြန်- Yunnan gateway)

 

တရုတ်လျှပ်စစ်စောင်များ ဥရောပတွင် ရေပန်းစားလျက်ရှိ