လားဟုလူမျိုးယဥ်ကျေးမှုလေ့ကျင့်ရေးစခန်း တည်ဆောက်ပြီး တိုင်းရင်းသားယဥ်ကျေးမှု အမွေဆက်ခံရန် ဆန္ဒရှိကြောင်း အမျိုးသမီးလီနတ်လော်မှ ဆို

2022-10-27 19:28:09
အရင်းအမြစ်:云南网

တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသို့ ပါဝင် တက် ရောက်ခဲ့သော ယူနန်ကိုယ်စားလှယ်များအနက် တစ်ဦးဖြစ်သည့် အမျိုးသမီးလီနတ် လော်သည် ပေကျင်းမှ ကူမင်းသို့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြန်ရောက်ခဲ့သည်။

ယခုအကြိမ်အစည်းအဝေးကြီးသို့ တက်ရောက်သော လီနတ်လော်သည် လားဟု တိုင်းရင်းသားများ၏ ရင်ဖွင့်သံအား ပေကျင်းသို့အရောက် ယူဆောင်ခဲ့သကဲ့သို့ သတင်းထောက်များ၏ အထူးအင်တာဗျူးတွင် မိမိကိုယ်တိုင်ဖန်တီးသည့် သီချင်းအသစ်ဖြစ်သော“ချမ်းသာတဲ့ခေတ်ကာလ”ကို သီဆိုခဲ့ပါသည်။

လီနတ်လော်သည် ယူနန်ပြည်နယ် ဖူအလ်မြို့ လမ်ချမ်းလားဟုတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် “Laodabao အပန်းဖြေပျော်ရွှင် လားဟုအနုပညာ ကုမ္ပဏီလီမိတက်၏ တည်ထောင်သူဖြစ်သည်။ သူသည် လားဟုလူမျိုးဆိုင်ရာ ဒေသယဥ်ကျေးမှုကို အပြည့်အဝသုတေသနပြုပြီး လယ်သမားများကိုဦးဆောင်ကာ လားဟုဒေသသီချင်းကို ဖန်တီးခဲ့ပြီး ကျေးလက်ဒေသခရီးသွားလာရေးကို ပိုမိုသိရှိလာအောင် ဆောင်ရွက်ခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်တွင် လောင်တာဗောင်ကျေးရွာသည် တိုးတက်ပြောင်းလဲမှု များစွာ ဖြစ်ပွားခဲ့သည်။ ရေပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကို အိမ်အရောက် တပ်ဆင်ပေးပြီး သွားလာရေးလမ်းကြောင်းကိုလည်း တည်ဆောက်ပေးခဲ့ပါသည်။ “အရင်က ရွာထဲမှာ လယ်သမားတွေက နေ့စဥ်နေ့တိုင်း လယ်ယာမြေမှာပဲ အလုပ်လုပ်တယ်။ အခုဆိုရင် သူတို့အားတဲ့အခါ အနုပညာဖျော်ဖြေပွဲအတွက် လေ့ကျင့်ပြီး တင်ဆက်ပြသတယ်။ ဝင်ငွေလည်း တိုးလာတယ်။ တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို ကြိုဆိုဖို့ ရွာထဲမှာလည်း ရောင်စုံဆန်စပါးကို စိုက်ပျိုးခဲ့တယ်။ ရွာက ပိုမိုလှပလာပါတယ်”ဟု သူက ဆိုခဲ့သည်။

“နောင်မှာ ကျွန်တော်တို့က လားဟုယဥ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာ သုတေသနပြုပြီး လားဟုယဥ်ကျေးမှုလေ့ကျင့်ရေးစခန်းကို တည်ဆောက်မယ်။ လူငယ်တွေကို လားဟုယဥ်ကျေးမှု လေ့လာစေပြီး တိုင်းရင်းသားယဥ်ကျေးမှုအမွေဆက်ခံနိုင်ဖို့ ဆောင်ရွက်မယ်”ဟု သူသည် ဆက်လက် မိတ်ဆက်ပေးခဲ့သည်။
(သတင်းရင်းမြစ်- yunnan.cn ။ ဘာသာပြန်- Yunnan gateway)

 

လားဟုလူမျိုးယဥ်ကျေးမှုလေ့ကျင့်ရေးစခန်း တည်ဆောက်ပြီး တိုင်းရင်းသားယဥ်ကျေးမှု အမွေဆက်ခံရန် ဆန္ဒရှိကြောင်း အမျိုးသမီးလီနတ်လော်မှ ဆို