“ဒီတည်သီးတွေ စားလို့ကောင်းတယ်”

2022-10-28 18:47:13
အရင်းအမြစ်:德宏传媒集团

“ဒီတည်သီးတွေ စားလို့ကောင်းတယ်။” တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့ ရှယ်ကန်မြို့နယ် လောင်ဝေါ်ကျီကျေးရွာရှိ တောင်စောင်း၌ တည်သီးပင် ၁၅၀၀ ကျော်ပေါ်တွင် တွဲလောင်းကျနေသော တည်သီးများသည် နီရဲရဲ ဖြစ်ပြီး တည်သီးများ လာရောက် ဆွတ်ခူးသည့် ဧည့်သည်များအား ဆွဲဆောင်နေပါသည်။ “အရမ်း ချိုမြိန်ပါတယ်။ မယုံရင် တစ်လုံးလောက် မြည်းစမ်းကြည့်ပါ”ဟု သုံးဆောင်ဖူးသော ဧည့်သည်များက ပျော်ရွှင်စွာ ပြောကြပါသည်။

"တောင်တန်းတွေမှာ မိုးများပြီး လေကောင်းလေသန့်ရတယ်။ နေရောင်ခြည်လည်း ပြည့်ဝတယ်။ သင့်တော်တဲ့ မြေဆီလွှာတွေရှိပါတယ်။ ဒီလို သာလွန်ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်မှာ ပေါက်ရောက်တဲ့ တည်သီးတွေဟာ တကယ်ကို အရသာကောင်းပါတယ်"ဟု ပိုင်ရှင်ရှန်ရှင့်ကောက ဧည့်သည်များအား ဧည့်ခံကြိုဆိုရင်းနှင့် အပြုံးလေးဖြင့် ပြောလိုက်ပါသည်။ ယခင်တုန်းက သူသည် သူ့ဇနီးနှင့်အတူ တောင်ပေါ်တွင် တည်သီးများအား စောင့်ရှောက်ပေးကြပါသည်။ ယခုနှစ် အောက်တိုဘာလတွင် လက်လီနှင့်လက်ကားပုံစံကို ဂေဟစနစ်စိုက်ခင်းအဖြစ် ပြောင်းလဲရန် ကြိုးစားပြီးနောက် လူများနေ့စဥ်လာရောက်လည်ပတ်ကြပြီး တောင်တန်းများသည်လည်း တစ်နေ့တခြား စည်ကားလာပါသည်။

"ဒီမှာဖွင့်တာ တစ်ပတ်ပဲရှိသေးတယ်။ ဒီကို လာရောက်လည်ပတ်သူ အများကြီးရှိလာမယ်လို့ မထင်မိပါဘူး" ဟု ရှန်ရှင့်ကောက ပြောပါသည်။ လာမယ့်နှစ်တွင် တည်သီးဥယျာဉ်တွင် ရှုခင်းအလှနေရာများကို တည်ဆောက်ကာ ကုလားထိုင်များကို ခင်းကျင်းထားရန် စီစဥ်နေပါသည်။ အိမ်ရှေ့ကမြေကို လယ်ယာအိမ်အပန်းဖြေစခန်းအဖြစ် ဖန်တီးကာ လူတိုင်းက ပို၍ ပျော်ရွှင်နိုင်ကြစေရန် သူက မျှော်လင့်ထားပါသည်။


(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ မီဒီယာအုပ်စုအဖွဲ့။ ဘာသာပြန် - Yunnan gateway)


 

“ဒီတည်သီးတွေ စားလို့ကောင်းတယ်”