“အိမ်အရောက်ဟင်းချက်ပေးသည့်ဝန်ဆောင်မှု” ရေပန်းစားနေ

2022-11-01 16:02:19
အရင်းအမြစ်:新华每日电讯

ယခုရက်ပိုင်း တရုတ်နိုင်ငံ ဟူနန်မှ မစ္စကျမ်း၏ အိမ်အရောက်ဟင်းချက်ပေးသည့်ဗီဒီယိုမှာ အင်တာနက်အသုံးများ အကြား ရှာဖွေမှုအများဆုံး ဖြစ်လာခဲ့သည်။ ဟင်းလေးမျိုးနှင့် ဟင်းချိုရည်တစ်ပွဲအတွက် တရုတ်ေငွ(၆၈)ယွမ် ယူပြီး လဝက်အတွက် ယွမ်(၂၀၀၀)ဝင်ငွေရရှိခဲ့သည်။

ဗီဒီယိုထဲတွင် မစ္စကျမ်းသည် စားဖိုမှူးဦးထုပ်ဆောင်းထားပြီး ဧည့်သည်၏ အိမ်ထဲတွင် ထမင်းဟင်းချက်ပေး နေသည်။ ဟင်းသီးဟင်းရွက်များ စနစ်တကျစီစဉ်ထားပြီး ချက်ပြုတ်ထားသည့် ဟင်းလျာမှာ အထူး ကောင်းမွန်ပါ သည်။

“အိမ်အရောက်ဟင်းချက်ပေး”သည့်ဝန်ဆောင်မှုကို လုပ်ဆောင်သော “သီးသန့်စားဖိုမှူး”များသည် အချိန်ပိုင်းသာ အလုပ်လုပ်ကြသည်။ ဤသို့မှာသာ အော်ဒါလက်ခံရလွယ်ကူပြီး လုပ်ငန်းအသစ်တစ်ခု ဖြစ်ပေါ်လာနေပါသည်။ တရုတ်နိုင်ငံချိန်တူးမြို့တွင် ၁၉၉၅ ခုနှစ်နောက်ပိုင်းဖွားမိန်းကလေး ကျမ်းရောင်ဟုန်သည် အရင်းအမြစ်များကို စုဆောင်းပြီး “အိမ်အရောက်ဟင်းချက်ပေး”သည့် အဖွဲ့တစ်ခုကို တည်ထောင်လိုက်သည်။ လက်ရှိတွင် အဖွဲ့ဝင် (၄၂)ဦးရှိပြီး အများစုမှာ ဟင်းချက်ဝါသနာပါသည့် ၁၉၉၀ ခုနှစ်နောက်ပိုင်းဖွားသူများ ဖြစ်ကြသည်။ ကျန်းမာရေး လက်မှတ်များ လုပ်ဆောင်ထားသော်လည်း အများစုမှာ စားဖိုမှူးလက်မှတ်မရှိကြပေ။ “ကျွန်တော်တို့အားလုံးဟာ ကိုယ်ပိုင် အလုပ်ရှိကြပါတယ်။ အိမ်အရောက်ဟင်းချက်ပေးခြင်းဟာ ဝါသနာကြောင့် ဖြစ်ပါတယ်။ ဟင်းချက်ပေးနေရတာကို ပျော်နေတာပါ” ဟု သူမက ပြောသည်။
(သတင်းရင်းမြစ်--ဆင်ဟွာနေ့စဥ်သတင်းWechat အကောင့်၊ ဘာသာပြန်၊ Yunnan gateway)

 

“အိမ်အရောက်ဟင်းချက်ပေးသည့်ဝန်ဆောင်မှု” ရေပန်းစားနေ