တောင်ကိုရီးယားဆိုးလ်မြို့တွင် လူတိုးကြိတ် နင်းမိ ပိမိသည့်ထိခိုက်မှုသည် အဘယ်ကြောင့်ဖြစ်ရသနည်း

2022-11-01 16:04:33
အရင်းအမြစ်:新华网

 

အောက်တိုဘာလ (၂၉)ရက်နေ့ည တောင်ကိုရီးယားဆိုးလ်မြို့အလယ်လုံရှန်းဇုန် အီထေဝွန်းတွင် ဟောလိုးဝင်းပွဲသို့ လာရောက်ကြသည့် လူအုပ်စုအတွင်း၌ အလွန်ကြီးမားသော လူနင်းမိ ပိမိခြင်းကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့ရာ ယခုအထိ အနည်းဆုံး လူ(၁၅၄)ဦး သေဆုံးပြီး လူ(၁၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းသည် ကိုရီးယားနိုင်ငံ၏ ၂၀၁၄ ခုနှစ် “စစ်ယွဲ” ခရီးသည်တင်သင်္ဘော နစ်မြုပ်သည့်အမှုအခင်းဖြစ်ပွားပြီးနောက် သေဆုံးသူဦးရေ အများဆုံးဖြစ်သော ထိခိုက်အန္တရာယ်ဖြစ်ကြောင်း တောင်ကိုးရီးယားမီဒီယာများမှဆိုခဲ့ပါသည်။

အဘယ်ကြောင့် လူတိုးကြိတ်နင်းမိပိမိသည့်ထိခိုက်မှုကြောင့် လူသေဆုံးရသနည်း။ လူတိုးကြိတ်နင်းမိပိမိသည့် ထိခိုက်မှုတွင် အဓိကသေဆုံးရသည့်အကြောင်းအရင်းမှာ အသက်ရှူကြပ်ခြင်း ဖြစ်ပါသည်။ လူတိုးကြိတ်သွား လာနေသည့် အခြေအနေတွင် ဆွဲအားသို့မဟုတ် တွန်းအားများပေါင်းပြီး ရင်ဘတ်ကိုပိမိစေကာ ချဲ့ရန်မဖြစ်သည့်အထိ ညှစ်စေကာ အသက်ရှူ၍မရ ဖြစ်စေသည်။ အသက်ရှူမရသည့်အခါ နှလုံးရပ်ခြင်း ဖြစ်စေသည်။ ဖိညှစ်ခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများ သွေးထွက်ခြင်းကြောင့် ရှော့ခ်ဖြစ်စေနိုင်သည်။
(သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ အဖုံးဓာတ်ပုံ၊ CCTV သတင်း၊ ဘာသာပြန်၊ Yunnan gateway)

 

တောင်ကိုရီးယားဆိုးလ်မြို့တွင် လူတိုးကြိတ် နင်းမိ ပိမိသည့်ထိခိုက်မှုသည် အဘယ်ကြောင့်ဖြစ်ရသနည်း