ပေပုဝမ်းဆိပ်ကမ်းကနေ မြန်မာနိုင်ငံအရောက် တိုက်ရိုက်ရေကြောင်းလိုင်း တရားဝင်ဖွင့်လှစ်ခဲ့

2022-11-03 11:47:05
အရင်းအမြစ်:广西日报

(ပုံ--ချင်းကျိုးဆိပ်ကမ်းကို တွေ့နေစဥ်)

 

ယခုရက်ပိုင်းမှာ “ဟိုင်ဖုန်းဝေနတ်စ်”လို့ အမည်ရတဲ့ ကုန်တင်သင်္ဘောက တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ပေပုဝမ်းရဲ့ ချင်းကျိုးဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး ပေပုဝမ်းဆိပ်ကမ်းကွန်တိန်နာကုမ္ပဏီလီမိတက်ရဲ့ အမှတ် ၃ သင်္ဘောဆိပ်မှာ ဆိုက်ကပ်ခဲ့ကြောင်း သတင်းအရ သိရပါတယ်။ အဲဒါက ပေပုဝမ်း ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအရောက် တိုက်ရိုက်ရေကြောင်းလမ်းကို အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့တာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

အဲဒီရေကြောင်းလိုင်းမှာ သင်္ဘော ၄ စီး စီစဥ်ထား ပြီး အပတ်စဉ် အလှည့်ကျ ပြေးဆွဲတယ်။ လမ်းတစ်လျှောက်မှာ ဆိုက်ကပ်တဲ့ ဆိပ်ကမ်းတွေ က တရုတ်ချင်းကျိုး - တရုတ်နန်ရှား - တရုတ်ရှယ်ခို - မလေးရှားKlang - မြန်မာရန်ကုန် - အင်ဒိုနီးရှားBelawan - မလေးရှားKlang - တရုတ်နန်ရှား - တရုတ်ရှယ်ခို - တရုတ်ဟိုင်ဖန် - တရုတ်ချင်းကျိုး တို့ဖြစ်တယ်။ အဲဒီရေကြောင်းလိုင်းအသစ်ကတစ်ဆင့် ကုန်စည်တွေက ချင်းကျိုးဆိပ်ကမ်းကနေ ထွက်ခွာပြီး မလေးရှားနိုင်ငံ Klang သို့ ၉ ရက်အတွင်းရောက်နိုင်သလို မြန်မာနိုင်ငံရန်ကုန်ကို ၁၂ ရက်အတွင်း ရောက်ရှိနိုင်တယ်။ ဒါဟာ ယခင် သမားရိုးကျ ကြားခံတစ်ဆင့် ပြောင်းရွှေ့ တင်ပို့ခြင်းရေကြောင်းလိုင်းထက် ၄၀% လျှော့ကျသွားပါတယ်။ အဲဒီရေကြောင်းလိုင်း ကတစ်ဆင့် တင်ပို့တဲ့ကုန်စည်တွေက အကူအပြောင်းလုပ်ပြီး မလေးရှားနိုင်ငံ Pasir Gudang ၊ Penang နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံChattogram စတဲ့ဆိပ်ကမ်းသို့ ရောက်ရှိနိုင်ပါတယ်။
(သတင်းရင်းမြစ်၊ ကွမ်ရှီးနေ့စဥ်သတင်းစာ)

ပေပုဝမ်းဆိပ်ကမ်းကနေ မြန်မာနိုင်ငံအရောက် တိုက်ရိုက်ရေကြောင်းလိုင်း တရားဝင်ဖွင့်လှစ်ခဲ့