ပန်းချီဆရာသည် နှလုံးသားကို နွေးထွေးစေမည့် ဗီဒီယိုများစုဆောင်းပြီး ပန်းချီကား ဖန်တီးပြီးနောက် ရေပန်းစားလာခဲ့သည်
2022-11-04 11:15:32
အရင်းအမြစ်:CRI
QiuJinpeng သည် ၁၉၈၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကျီလင်ပြည်နယ် ကျီလင် မြို့ရှိ အများပြည်သူအနုပညာပြတိုက်က ဝန်ထမ်းတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း သူသည် ဘဝတွင် နှလုံးသားကို နွေးထွေးစေမည့် ဗီဒီယိုများ၏ အခိုက်အတန့်ကို ပန်းချီဖြင့် ရေးဆွဲဖန်တီးခဲ့သည်။ မရေတွက်နိုင်သော အင်တာနက်သုံးစွဲသူများကို စိတ်လှုပ်ရှား စေခဲ့သည်။ ဘဝက မှတ်တမ်းတင်ရကျိုး နပ်ပါတယ်၊ ပျော်ရွှင်မှုနဲ့ နွေးထွေးမှုကို ပေးစွမ်း နိုင်မယ်လို့ မျှော်လင့်ကြောင်း QiuJinpeng က ပြောကြားသည်။