လွန်ခဲ့သော ၂၅ နှစ်က လက်ဖက်ခြောက်ထုတ်လုပ်ရန် ဦးဆောင်ခဲ့ပြီး လက်ရှိ လိုက်ဖ်လွှင့်ရာတွင် လက်ဖက်ခြောက်ရောင်းချရန် ဦးဆောင်ခဲ့သော တွမ့်ယူရှု

2022-11-04 11:27:46
အရင်းအမြစ်:春城晚报、德宏州委宣传部

လက်ဖက်ခြောက်ကို အစောဆုံး မသိသူမှ လက်ရှိ နာမည်ကြီး လက်ဖက်ခြောက် ထုတ်လုပ်သူ... တွမ့်ယူရှုသည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လျန်ဟော်ခရိုင် ဟွေ့လုံးကျိုက်ကျေးရွာမှ ရွာသူ တွမ့်ယူရှုသည် မိမိ၏ သာယာချမ်းမြေ့သော နေထိုင်မှုဘဝတွင် နေထိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

လက်ဖက်ခြောက်ထုတ်လုပ်ရန် စတင်သင်ယူစဉ်က တွမ့်ယူရှုမှာ ကျွမ်းကျင်မှုအတတ်ပညာ မရှိသည့်အတွက် စေတနာ့ဝန်ထမ်းအလုပ်ကို လုပ်ကိုင်ခြင်းဖြင့် သင်ယူခဲ့ပါသည်။ “ထိုစဥ်က အရမ်းခက်ခဲ ပင်ပန်းခဲ့ပါတယ်။ အချောကိုင်ထုတ်လုပ်ထားတဲ့ လက်ဖက်ခြောက်ကို ရောင်းဖို့အတွက် ကီလိုမီတာ ၂၀ နီးပါးဝေးတဲ့ ဈေးကို သွားရောက်ခဲ့ရတယ်။ အိမ်မှာ အိမ်မှုကိစ္စတွေကိုလည်း လုပ်ရသေးတယ်။ လက်ဖက်ခြောက် ထုတ်လုပ်ဖို့ အလုပ်အများဆုံးတဲ့အချိန်မှာ ၂ နာရီပဲ အိပ်ခဲ့ရတယ်။" ထိုစဥ်က အလုပ်မြင်ကွင်းများကို တွမ့်ယူရှုက မှတ်မိနေသေးပါသည်။


ယခုနှစ်ပိုင်းတွင် တွမ့်ယူရှုသည် ဟွေ့လုံးကျိုက်ကျေးရွာမှ အမျိုးသမီးများအား မန်စီနှင့် ထိန်ချုံ့ရှိ လက်ဖက်ခြောက်လုပ်ငန်းအဖွဲ့များသို့ အကြိမ်ပေါင်းများစွာ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး အဆင့်မြင့် လက်ဖက်ခြောက်ထုတ်လုပ်မှုနည်းပညာကို အတုယူကာ လက်ဖက်ခြောက်ထုတ်လုပ်မှုအိမ်ထောင်စုများ ကို အခမဲ့သင်ကြားပေးခဲ့ပါသည်။ အခြားသောလက်ဖက်ခြောက်ထုတ်လုပ်မှုအိမ်ထောင်စုများအတွက် ဝယ်ယူသူများကို တက်ကြွစွာ ဆက်သွယ်ပေးခဲ့ပါသည်။ တွမ့်ယူရှု၏ ဦးဆောင်မှုအောက်တွင် ဟွေ့လုံးကျိုက်ကျေးရွာသည် ဟွေ့လုံးလက်ဖက်ခြောက်သမဝါယမအသင်းကို ထူထောင်ခဲ့ပါသည်။ ၎င်းကျေးရွာတွင် လက်ဖက်ခြောက်ထုတ်လုပ်မှုအိမ်ထောင်စု ၂၃ စုကျော်ရှိပြီး နှစ်စဥ်နှစ်တိုင်း လက်ဖက်ရွက်ဝယ်ယူမှုပမာဏမှာ တန်ပေါင်း ၃၀၀ ကျော်ရှိပါသည်။ လက်ဖက်ခြောက် နှစ်စဥ်ထုတ်လုပ်မှုပမာဏမှာ တန်ပေါင်း ၆၀ ကျော်ရှိပြီး နှစ်စဥ်ဝင်ငွေမှာ တရုတ်ယွမ် ၁၀ သန်းကျော် ရှိပါသည်။ နှစ်စဥ်ဝင်ငွေမှာ တရုတ်ယွမ် ၅ သိန်းရှိသော လက်ဖက်ခြောက်ထုတ်လုပ်မှု အိမ်ထောင်စုသည် ၂ စု ရှိပါသည်။

ဒေတာကြီးခေတ်တွင် အီး-ကောမက်စ်သည် စီးပွားရေး၏ တိုးတက်မှုအသစ်ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်တွင် တာ့ချန်ကျေးရွာအုပ်စုအဖွဲ့ ဟွေ့လုံးကျိုက်ကျေးရွာရှိ Taobao ကျေးရွာ တည်ထောင်ခြင်းကြောင့် တွမ့်ယူရှုအတွက် ပိုမို ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို သယ်ဆောင်လာခဲ့ပါသည်။ အသက် ၅၄ နှစ်အရွယ် တွမ့်ယူရှုသည် ခေတ်မီတွေးခေါ်ရှင်တစ်ဦးဖြစ်သည်။ သူမသည် စာရင်းသွင်းရာတွင် အီး-ကောမက်စ် သင်တန်းကို ပထမဆုံးအသုတ် ပါဝင်တက်ရောက်သော ဦးဆောင်သူ ဖြစ်ပေသည်။ "ကျွန်မ လိုက်ဖ်လွှင့်ခြင်းကတစ်ဆင့် လက်ဖက်ခြောက် ရောင်းပြီး ရွာက အမျိုးသမီးတွေ၊ လူငယ်တွေနဲ့အတူ 'လိုက်ဖ်လွှင့်သူ ရောင်းချမှု' လမ်းမပေါ်မှာ စတင်လှမ်းချီခဲ့တယ် " ဟု တွမ့်ယူရှုက ပြုံးပြုံးလေး ပြောသည် ။

(ဆောင်းပါးအရင်းအမြစ် - နွေဦးမြို့ ညနေခင်းသတင်းစာ၊ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

 

လွန်ခဲ့သော ၂၅ နှစ်က လက်ဖက်ခြောက်ထုတ်လုပ်ရန် ဦးဆောင်ခဲ့ပြီး လက်ရှိ လိုက်ဖ်လွှင့်ရာတွင် လက်ဖက်ခြောက်ရောင်းချရန် ဦးဆောင်ခဲ့သော တွမ့်ယူရှု