“အာချမ်းတိုင်းရင်းသားအစ်ကိုကြီး ”သည် ရွာသူရွာသားများအား ဦးဆောင်ကာ သာယာချမ်းမြေ့မှုရရှိသည့် လမ်းကြောင်းတွင် လျှောက်လှမ်းလာ

2022-11-04 17:17:53
အရင်းအမြစ်:春城晚报、德宏州委宣传部

တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လျန်ဟော်ခရိုင် ကျူပေါင်အာချမ်းတိုင်းရင်းသားကျေးရွာတွင် မွေးဖွားသော ချောက်ချူယွမ်သည် အဆင့်မြင့် အသက်မွေးဝမ်းကျောင်း သင်တန်းမှ ဘွဲ့ရရှိပြီးနောက် ကူမင်း၊ ကွေ့ကျိုးစသည့် ဒေသများသို့ သွားရောက် လုပ်ကိုင်ခဲ့ပါသည်။ “အပြင်ထွက်ပြီး လုပ်ကိုင်ခဲ့တဲ့အခါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လစာ ၂ ထောင်၊ ၃ ထောင်ပဲ အများဆုံး ရရှိခဲ့ပါတယ်။ အခုမှာတော့ နိုင်ငံတော်ဦးစားပေးပေါ်လစီတွေဟာ အရမ်း ကောင်းပါတယ်။ မွေးရပ်မြေကို ပြန်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်မယ်။”ထိုစဉ်က ချောက်ချူယွမ်သည် မွေးရပ်မြေသို့ ပြန်ရောက်ကာ လုပ်ငန်းထူထောင်ရန် စဥ်းစားမိခဲ့ပါသည်။

 

၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ချောက်ချူယွမ်သည် ၎င်း၏ မွေးရပ်မြေ လျန်ဟော်ခရိုင်သို့ ပြန်လာခဲ့ပြီး အွန်လိုင်းစတိုးတစ်ခုတွင် အွန်လိုင်းဖောက်သည်ဝန်ဆောင်မှုဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ဤလုပ်ငန်းအတွေ့အကြုံကြောင့် သူသည် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို ရှင်းလင်းစွာ ချမှတ်နိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် အီး-ကောမက်စ် ဖွံ့ဖြိုးတိုးတက်မှု ပေါ်လစီများအား ထုတ်ပြန်လာသည်နှင့်အမျှ ကြိုးစားအားထုတ်သူ ချောက်ချူယွမ်သည် ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်း မှ နှုတ်ထွက်ခဲ့ပြီး ၎င်း၏ အီး-ကောမက်စ်လုပ်ငန်းကို စတင်လုပ်ကိုင်ရန် မိသားစုနှင့် သူငယ်ချင်းများထံမှ တရုတ်ယွမ် ၁ သိန်းကို ချေးယူခဲ့သည်။

သူ၏ ကိုယ်ပိုင်လုပ်ငန်း စတင်ထူထောင်သည့် အစောပိုင်းကာလတွင် ချောက်ချူယွမ်သည် ရင်းနှီးငွေနှင့် အတွေ့အကြုံမရှိခဲ့ဘဲ သိုလှောင်ရန်လွယ်ကူ၊ သယ်ယူရလွယ်ကူသော ကုန်ပစ္စည်း ခြောက်များကိုသာ ရောင်းချနိုင်ခဲ့သည်။ ရောင်းချသော ကုန်စည်၏အမျိုးအစား နည်းပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် ချောက်ချူယွမ်သည် ၎င်း၏ မွေးရပ်မြေဈေးကွက်ကို စတင်စုံစမ်းခဲ့ပြီး ထူးခြားသော လက်ဖက်ခြောက်နှင့် ပျားရည်ကဲ့သို့သော မူရင်းဒေသထွက်ကုန်များကို စုဆောင်းခဲ့သည်။ "ကျွန်ုပ်တို့ရဲ့ ဒေသထွက် လယ်ယာထွက်ကုန်တွေ ရောင်းချဖို့ ပလက်ဖောင်းတစ်ခု တည်ဆောက်မယ်၊၊ လူတိုင်း အကျိုးရှိနိုင်စေဖို့ပါ။" အီး-ကောမက်စ်ပလက်ဖောင်းမှတစ်ဆင့် ချောက်ချူယွမ်သည် လယ်သမားများအား ဒေသထွက် လယ်ယာ အထူးထွက်ကုန်များကို ဈေးနှုန်း သင့်တင့်စွာ ရောင်းချနိုင်ရန် ကူညီပေးခဲ့ပြီး ရွာသူရွာသားများအား ဦးဆောင်ကာ သာယာချမ်းမြေ့မှု ရရှိသည့် လမ်းကြောင်းတွင် လျှောက်လှမ်းလာပါတော့သည်။


(ဆောင်းပါးအရင်းအမြစ် - နွေဦးမြို့ ညနေခင်းသတင်းစာ၊ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

“အာချမ်းတိုင်းရင်းသားအစ်ကိုကြီး ”သည် ရွာသူရွာသားများအား ဦးဆောင်ကာ သာယာချမ်းမြေ့မှုရရှိသည့် လမ်းကြောင်းတွင် လျှောက်လှမ်းလာ