မန်စီတိုင်တိုင်းရင်းသားရှေးဟောင်းမြို့နယ်အား တရုတ်နိုင်ငံ အမျိုးသားအဆင့် 4A ရှုခင်းဇုန်အဖြစ် သတ်မှတ်ခဲ့

2022-11-04 17:21:26
အရင်းအမြစ်:芒市傣族古镇 云南省文化和旅游厅

ကူမင်းယွီလုံးဝမ်ရှုခင်းသာဇုန်၊ မန်စီတိုင်တိုင်းရင်းသားရှေးဟောင်းမြို့နယ်စသည့် ရှုခင်းသာဇုန် ၂၉ ခု တို့အား တရုတ်နိုင်ငံ၏ အမျိုးသားအဆင့် 4A ရှုခင်းဇုန်အဖြစ် သတ်မှတ်ခဲ့ကြောင်း ယခုနှစ်ပိုင်းတွင် ယူနန်ပြည်နယ် ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါတိုင်တိုင်းရင်းသားရှေးဟောင်းမြို့နယ်သည် ယဥ်ကျေးမှုလေ့လာခံစားမှု၊ အနုပညာနှင့် ဖျော်ဖြေမှုများ၊ အစားအသောက်စျေးဝယ်ခြင်း၊ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အပန်းဖြေခြင်းနှင့် သဘာဝရှုခင်းသာ လည်ပတ်ကြည့်ရှုခြင်းတို့ကို ပေါင်းစပ်ထားသည့် ပြည့်စုံသော ယဉ်ကျေးမှု ခရီးသွားမြို့နယ်တစ်ခု ဖြစ်ပေသည်။

“၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာ စတင်ဖွင့်လှစ်ကတည်းက ကျွန်ုပ်တို့သည် အဓိကဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုနဲ့ ယဉ်ကျေးမှုအနုပညာလှုပ်ရှားမှုပေါင်း ၁၀၀ ကျော် လုပ်ဆောင်ခဲ့ပါတယ်။ ခရီးသွား ၃.၅ သန်းကို လက်ခံရရှိကာ လူ ၁ သောင်း နီးပါးအတွက် အလုပ်အကိုင်ဖန်တီးပေးခဲ့ပါတယ်”ဟု သက်ဆိုင်ရာ တာဝန်ရှိသူက မိတ်ဆက်ပြောကြားပါသည်။ ရှုခင်းသာ လှုပ်ရှားမှုနှင့် ရှုခင်းသာ ဖျော်ဖြေပွဲများ ကျင်းပခြင်းဖြင့် ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင်ခဲ့ကြောင်း၊ ဒေသခံတို့၏ ယဉ်ကျေးမှုဘဝအတွက် လည်ပတ်ရာနေရာအသစ်ကို ဖန်တီးပေးရုံသာမက ပြင်ပမှ ခရီးသွားဧည့်သည်များအတွက် ဆန်းသစ်သော ယဉ်ကျေးမှုလေ့လာမှုများကိုလည်း သယ်ဆောင်ပေးကြောင်း၊ ခရီးသွားဧည့်သည်ဦးရေ တိုးပွားလာစေရန်နှင့် အဆိုပါမြို့နယ်၏ အသက်ဝင်မှုကို ထိန်းသိမ်းရန် ဆက်လက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။


(ဆောင်းပါးအရင်းအမြစ် - မန်စီတိုင်တိုင်းရင်းသားရှေးဟောင်းမြို့နယ်၊ ယူနန်ပြည်နယ် ယဥ်ကျေးမှုနှင့်ခရီးသွားလာရေး ဦးစီးဌာန။ ဘာသာပြန် - Yunnan gateway)


 

မန်စီတိုင်တိုင်းရင်းသားရှေးဟောင်းမြို့နယ်အား တရုတ်နိုင်ငံ အမျိုးသားအဆင့် 4A ရှုခင်းဇုန်အဖြစ် သတ်မှတ်ခဲ့