ပိုတာလာနန်းတော်၏ဆောင်းဦးအငွေ့အသက်
2022-11-08 18:53:15
အရင်းအမြစ်:新华网
ဆောင်းဦးအချိန်အခါ တရုတ်နိုင်ငံ ရှီးဇန့်ဒေသလာဆာမြို့တွင် တည်ရှိသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သော ပိုတာလာနန်းတော်သည် ကုန်းမြင့်ဒေသ၏ ဆောင်းဦးရာသီကြောင့် ပိုမိုလှပလျက်ရှိသည်။
ပိုတာလာနန်းတော်သည် မူလက ထမ်ခေတ်ကာလအတွင်း ရှီးဇန့်အင်ပါရာ ကျန့်ဖုစုံကျန့်ကန်ပုသည် ချစ်ကျွင်မင်းသမီးနှင့် ဝိမ်ချိန်မင်းသမီးတို့နှင့် လက်ထပ်ရန်ဆောက်လုပ်ထားခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ပိုတာလာနန်းတော်သည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိမှတ်ပြုခြင်း ခံရသည်။ ပိုတာလာနန်းတော်၏ အဓိကအဆောက်အဦးသည် အဖြူရောင်နန်းတော်နှင့် အနီရောင်နန်းတော် ဟူ၍အပိုင်းနှစ်ပိုင်းခွဲထားပါသည်။
(သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)