တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကျေးလက်ဒေသ အီး-ကောမက်စ် ဆက်လက် အဆင့်မြှင့်တင်လျက်ရှိ

2022-11-09 18:21:32
အရင်းအမြစ်:芒市电子商务公共服务中心、芒市融媒体中心

ယခုနှစ်ပိုင်းတွင် ကျေးလက်ဒေသ အီး-ကောမက်စ်သည် ရိုးရာလည်ပတ်မှုနည်းလမ်းများနှင့် မယှဉ်နိုင်သော ထူးခြားသောအားသာချက်များကို အသုံးချခြင်းဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ရှိသော မန်စီမြို့သည် ခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ရယူပြီး ၂၀၂၀ ပြည့်နှစ်တွင် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ ကျေးလက်ဒေသများ အီး-ကောမက်စ် စံပြစီမံကိန်းကို စတင်ခဲ့ပြီး မန်စီမြို့ အီး-ကောမက်စ် အများပြည်သူ ဝန်ဆောင်မှုစင်တာကို တည်ထောင်ခဲ့သည်။ အီး-ကောမက်စ်သင်တန်းနှင့် စိုက်ပျိုးရေးထုတ်ကုန်စံနှုန်းသတ်မှတ်ခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဘက်ပေါင်းစုံမှနေ၍ တွန်းအားပေးပါသည်။

မွန်ဂမြို့နယ်မှ လီလိမ်လုံးသည် ၂၀၁၈ ခုနှစ်အစောပိုင်းတွင် အွန်လိုင်း အီး-ကောမက်စ်နှင့် ထိတွေ့ခဲ့သည်။ နောက်ပိုင်းတွင် သူသည် မိမိရပ်ရွာက စိုက်ပျိုးသော ပင်မှည့်သီးများကို အွန်လိုင်းစတိုးမှတစ်ဆင့် တရုတ်နိုင်ငံတစ်ဝှမ်းလုံးသို့ ရောင်းချခဲ့ပါသည်။ "အခြေစိုက်စခန်း + အွန်လိုင်း အီး-ကောမက်စ်"ဟူသော ပုံစံဖြင့် ဝင်ငွေတိုးပြီး ချမ်းသာလာစေရန် ရွာသူရွာသားများအား ဦးဆောင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် မတ်လတွင် လီလိမ်လုံးသည် မန်စီမြို့ အီး-ကောမက်စ် အများပြည်သူဝန်ဆောင်မှုစင်တာမှ စီစဉ်သော အီး-ကောမက်စ်သင်တန်းတွင် ပါဝင်ခဲ့သည်။ "ဒီသင်တန်းကတစ်ဆင့် အဆိုပါစင်တာက ကျွမ်းကျင်ပညာရှင်တွေဟာ လုပ်ငန်းစဉ်တစ်လျှောက်လုံး ကျွန်ုပ်အား လမ်းညွှန်ခဲ့ပါတယ်။ ကျွန်ုပ်၏ 'Chunbu ပင်မှည့်သီး' စတိုးဆိုင်ကို ဖန်တီးတည်ဆောက်ခဲ့ပါတယ်”ဟု လီလိမ်လုံးက ပြောပါသည်။ အဆင့်မြှင့်တင်ပြီးနောက် ကုန်ပစ္စည်းအသစ်များကို ၎င်း၏ စတိုးဆိုင်တွင် ထည့်သွင်းရောင်းချခဲ့ပါသည်။ ယင်းစင်တာသည် ရှန်းထန်ကျေးရွာတွင် ဝန်ဆောင်မှုစခန်းတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ပြီး ယင်းစခန်းမှ တရုတ်နိုင်ငံတစ်ဝှမ်းရှိ နေရာအနှံ့သို့ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးစနစ်ကို ထည်ထောင် ကာ လယ်ယာထွက်ကုန်များ မြို့ထဲသို့ တင်ပို့ရောင်းချမည့် အခက်အခဲများကို ဖြေရှင်းပေးခဲ့သည်။


(ဆောင်းပါးအရင်းအမြစ် - မန်စီမြို့ အီး-ကောမက်စ်အများပြည်သူဝန်ဆောင်မှုစင်တာ၊ မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)
 

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကျေးလက်ဒေသ အီး-ကောမက်စ် ဆက်လက် အဆင့်မြှင့်တင်လျက်ရှိ