ဒီဆောင်းရာသီမှာ ဘယ်ကို သွားလည်မလဲ၊ ကဗျာဆန်သော ရှုခင်းသာနေရာကို အတူရှာဖွေကြစို့

2022-11-11 15:09:59
အရင်းအမြစ်:德宏州委宣传部

ဘဝဆိုတာ မေးခွန်းတွေကို အဆက်မပြတ်ဖြေဆိုရတဲ့ စွန့်စားခန်းတစ်ခုလိုပါပဲ။ တချို့အဖြေတွေက စာအုပ်ထဲမှာရှိပြီး တချို့အဖြေတွေက လမ်းပေါ်မှာ ရှိနေပါတယ်။ ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရင်ကျန်းခရိုင်သို့ ဝင်ရောက်လည်ပတ်ပြီး ပိုးလမ်းမတစ်လျှောက်က ရှေးဟောင်းမြို့နယ်နဲ့ အောက်ချင်းငှက်များ လေ့လာရေးခရီးကို စတင်ကြပါစို့။

ရင်ကျန်းခရိုင်သည် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းရှိ နယ်စပ်ဒေသတွင် တည်ရှိပြီး ၎င်း၏ ဧရိယာမှာ ၄၃၁၆.၉၇ စတုရန်းကီလိုမီတာ ရှိပါသည်။ နယ်နိမိတ်မျဉ်းသည် ၂၁၄.၆ ကီလိုမီတာ ရှည်လျားပြီး တရုတ်နိုင်ငံ၏ အမျိုးသားဒုတိယ အဆင့် နယ်စပ်ဂိတ်ဖြစ်ပါသည်။ ယူနန်ပြည်နယ်၏ တောင်ပူစာဒေသ ၈ ခုအနက် တစ်ခုဖြစ်ပြီး စုစုပေါင်းဧရိယာမှာ ၅၁၆.၁၃ စတုရန်းကီလိုမီတာရှိပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ ခရိုင်နှင့် ခရိုင်အဆင့်မြို့ ၅ခုထဲတွင် ဧရိယာအကြီးဆုံးသော ခရိုင်လည်းဖြစ်ပေသည်။

လည်ပတ်မှုခရီးစဥ် ။ ။ တာ့ရင်ကျန်းအမျိုးသားအဆင့် စိုစွတ်မြေဥယျာဥ် -- ပိုးလမ်းမတစ်လျှောက်ရှိ ရှေးဟောင်းမြို့နယ် မန်ယွီ -- တရုတ်အောက်ချင်းငှက်ချိုင့် ရှီထီး

တာ့ရင်ကျန်းအမျိုးသားအဆင့် စိုစွတ်မြေဥယျာဥ်သည် တရုတ်နိုင်ငံတွင် River Tern ငှက်များကို ကြည့်ရှုလေ့လာ နိုင်သည့် တစ်ခုတည်းသောနေရာဖြစ်ပါသည်။

"အနောက်တောင်ပိုင်း ပိုးလမ်းမကြီးတွင် မြင်းပို့ဆောင်ရေးအဖွဲ့များသည် အလုပ်များလျက်ရှိနေပါသည်။ တောင်တန်းပေါ်က ခေါင်းလောင်းသံများနှင့်အတူ မြင်းပို့ဆောင်ရေးအဖွဲ့များက ရောက်ရှိလာပါသည်။" ပိုးလမ်းမတစ်လျှောက်ရှိ ရှေးဟောင်းမြို့နယ် မန်ယွီသည် တောတောင်ရေမြေအား လွမ်းဆွတ်မှုကို ဖုံးကွယ်ထားသည်။

"တရုတ်အောက်ချင်းငှက်ချိုင့်ထဲကို ဝင်ရောက်လည်ပတ်လျှင် ကမ္ဘာတစ်ဝှမ်းက ရှားပါးသော ငှက်များကို ရှုစားနိုင်ပါသည်။" ရှီထီးသည် တရုတ်နိုင်ငံတွင် အောက်ချင်းငှက်မျိုးစိတ်ငါးခုကို ကြည့်ရှုလေ့လာနိုင်သည့် တစ်ခုတည်းသောနေရာဖြစ်ပြီး တရုတ်နိုင်ငံရှိ ငှက်မျိုးစိတ်၏ ထက်ဝက်တို့သည် ဤနေရာတွင် ကျက်စားနေထိုင်လျက်ရှိသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

ဒီဆောင်းရာသီမှာ ဘယ်ကို သွားလည်မလဲ၊ ကဗျာဆန်သော ရှုခင်းသာနေရာကို အတူရှာဖွေကြစို့