ရန်ချွမ်ရန့်သည် ရွာသူရွာသားများအား ဦးဆောင်ကာ ချမ်းသာမှုရရှိသော လမ်းကြောင်းတွင် အတူလှမ်းချီကြ

2022-11-11 15:15:06
အရင်းအမြစ်:春城晚报、德宏州委宣传部

၂၀၁၄ ခုနှစ်သည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လုံချွမ်း ခရိုင် ချင်ဖိန်ကျေးရွာအုပ်စုအဖွဲ့ ကျောက်ကျားကျိုက်ရွာမှ ရန်ချွမ်ရန့်အတွက် တစ်သက်တာ မမေ့နိုင်သော နှစ်တစ်နှစ် ဖြစ်ပေသည်။ "အဲဒီနှစ်က ကျွန်မရဲ့ ၃ နှစ်အရွယ် သမီးလေးဟာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားခဲ့ရပါတယ်။ အိမ်ထောင်စုက စုဆောင်းငွေတွေ အကုန်အကျခံရပါတယ်။ အကြွေးတွေလည်း ဆပ်ခဲ့ရပါတယ်။ သက်ကြီးရွယ်အိုတွေဟာ ရံဖန်ရံခါ ဆရာဝန်ဆီ သွားပြခဲ့ရတယ်။" အကြပ်အတည်းများ ကြုံတွေ့နေသော ရန်ချွမ်ရန့်သည် နေထိုင်မှုဘဝအပေါ် ယုံကြည်မှုများ ပျောက်ဆုံးလုနီးပါးပါပဲ...

များမကြာမီတွင် ချင်ဖိန်ကျေးရွာသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လာ ခဲ့သည်။ "အထောက်အပံ့မူဝါဒအမျိုးမျိုးကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်လာတာနဲ့ ကျွန်မဟာ ဘဝရဲ့မျှော်လင့်ချက်ကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။" တစ်နှစ်ကြာ စူးစမ်းစမ်းသပ်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ရန်ချွမ်ရန့်သည် ကြက်မွေးမြူရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ထိုနှစ်တွင် တရုတ်ယွမ် ၃၀၀၀၀ ကျော် ရှာဖွေရရှိခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင် ရန်ချွမ်ရန့်၏ အိမ်ထောင်စုသည် ချင်ဖိန်ကျေးရွာရှိ ပိုးစာရွက်များ စိုက်ပျိုးရေးနှင့် ပိုးမွှားများ မွေးမြူရေးလုပ်ငန်း စမ်းသပ်လုပ်ဆောင်သော ပထမဆုံးအသုတ် လယ်ယာအိမ်ထောင်စုများ ဖြစ်လာခဲ့သည်။ “အခက်ခဲဆုံး အချိန်တုန်းက ရွာသားတွေက ကျွန်မကို ကူညီခဲ့ကြတယ်။ အခု ကျွန်မ အစွမ်းအစရှိတော့ တတ်နိုင်သမျှ အကုန်လုံးကို ကူညီရမှာပေါ့။" ရန်ချွမ်ရန့်သည် ပိုးစာရွက်များ စိုက်ပျိုးရေးနှင့် ပိုးမွှားများ မွေးမြူရေးလုပ်ငန်း၏ အားသာချက်များကို အပြည့်အဝ အသုံးချကာ ရွာသားများအား ချမ်းသာလာစေနိုင်သည့်အတွက် ဦးဆောင်ရန် သန္နိဋ္ဌာန်ချထားပါသည်။

ကြက်မွေးမြူရေးလုပ်ငန်းနှင့် ပိုးစာရွက်များ စိုက်ပျိုးရေးနှင့် ပိုးမွှားများ မွေးမြူရေးလုပ်ငန်းတို့သည် ငွေရကြောင်းမြင်သဖြင့် ရွာသူရွာသားများကလည်း ရန်ချွမ်ရန့်ထံမှ သင်ယူရန် အိမ်သို့လာခဲ့ကြပါသည်။ ရန်ချွမ်ရန့်သည် မည်သည့်အခါမျှ ပို့ချခဲ့ပါသည်။

“ရွာသားတွေက လေ့လာသင်ယူဖို့ အဆင်ပြေချောမွေ့စေဖို့အတွက် အိမ်မှာ 'လယ်လုပ်သင်တန်း'ကို ဖွင့်လှစ် ထူထောင်ခဲ့တယ်။ ကျွန်မတို့ ခရိုင်စိုက်ပျိုးရေးဗျူရို၊ သိပ္ပံနဲ့ နည်းပညာဗျူရိုစတဲ့ ဌာနတွေက ပညာရှင်တွေနဲ့ ဆက်သွယ်ထားပါတယ်။ ရွာသားတွေကို သိပ္ပံနည်းကျကျ ချမ်းသာအောင် လက်တွေ့နည်းတွေကို သင်ပေးခဲ့တယ်။ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ပိုးစာရွက်များ စိုက်ပျိုးရေးနှင့် ပိုးမွှားများ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် အတွေ့အကြုံတွေကိုလည်း မျှဝေခဲ့ပါတယ်။” နှစ်အနည်းငယ်အတွင်းတွင်သာ ရန်ချွမ်ရန့်က မိမိ ရပ်ရွာ၏ ချမ်းသာမှုရရှိသော ဦးဆောင်သူဖြစ်လာတော့ပါသည်။

(ဆောင်းပါးအရင်းအမြစ် - နွေဦးမြို့ ညနေခင်းသတင်းစာ၊ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)
 

ရန်ချွမ်ရန့်သည် ရွာသူရွာသားများအား ဦးဆောင်ကာ ချမ်းသာမှုရရှိသော လမ်းကြောင်းတွင် အတူလှမ်းချီကြ