တတိယအကြိမ်မြောက် “ပိုးလမ်းမ ရိုက်ကူးရေး အလင်းနှင့်အရိပ်” နိုင်ငံတကာ မိုက်ခရိုဗီဒီယို တယ်ဟုန်ပြပွဲ ကျင်းပလျက်ရှိ၊ တရုတ် နာမည်ကျော်ဒါရိုက်တာ လီဝေသည် ဆုချီးမြှင့်ရေး အကဲဖြတ်သူတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်

2022-11-17 18:23:23
အရင်းအမြစ်:德宏州委宣传部

အောက်တိုဘာလ ၂၀ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲမှ ဦးစီးကျင်းပသော တတိယအကြိမ်မြောက် “ပိုးလမ်းမ ရိုက်ကူးရေး အလင်းနှင့်အရိပ်”နိုင်ငံတကာ မိုက်ခရိုဗီဒီယို တယ်ဟုန်ပြပွဲကို တရားဝင် တင်ဆက်ပြသလျက်ရှိနေပါသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မိုက်ခရိုဗီဒီယိုလက်ရာများအား ဖိတ်ခေါ်မည်ဖြစ်ပါသည်။

ယခုအကြိမ်နိုင်ငံတကာ မိုက်ခရိုဗီဒီယို တယ်ဟုန်ပြပွဲ၏ ဆုချီးမြှင့်အကဲဖြတ်သူများသည် တရုတ်၊ ဗြိတိန်နှင့် မြန်မာနိုင်ငံတို့မှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကျွမ်းကျင်ပညာရှင် ငါးဦးဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့သည် မတူညီသော ပရော်ဖက်ရှင်နယ် နောက်ခံနှင့် အနုပညာအမြင်များ အသီးသီးရှိကြသည့်အတွက် အဆိုပါပြပွဲတွင် ပါဝင်ယှဥ်ပြိုင်သည့် မိုက်ခရိုဗီဒီယိုလက်ရာများကို မည်သို့ ရှုမြင်ကြမည်ကို အတူတူ စောင့်မျှော်ကြည့်ရှုကြပါစို့။

ယနေ့တွင် တရုတ်နိုင်ငံမှ ဒါရိုက်တာ လီဝေအား မိတ်ဆက်ပေးလိုက်ပါသည်။ သူသည် ၁၉၈၅ ခုနှစ်တွင် Shanghai Theatre Academy ၏ ဒါရိုက်တာမေဂျာ အထူးပြုပြီး ဘွဲ့ရခဲ့ပါသည်။ တရုတ်ရုပ်မြင်သံကြားအနုပညာရှင်များအသင်း၏ အဖွဲ့ဝင်၊ တရုတ်ဇာတ်ကားဒါရိုက်တာလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်နှင့် တရုတ်ရုပ်ရှင်ဒါရိုက်တာများအသင်း၏ အဖွဲ့ဝင် လည်း ဖြစ်ပါသည်။

၂၀၀၆ ခုနှစ်တွင် လီဝေသည် ယူနန်ပြည်နယ် အမျိုးသားရုပ်ရှင်ရိုက်ကူးရေးဌာနနှင့် ဗီယက်နမ်နိုင်ငံ စာရေးဆရာများ ရုပ်ရှင်ရိုက်ကူးရေးကုမ္ပဏီတို့မှ ပူးပေါင်းထုတ်လုပ်သော "ဟနွိုင်းဟနွိုင်း" ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါသည်။ တရုတ်အမျိုးသား ရုပ်ရှင်ညွှန်ကြားရေးဌာနချုပ်မှ အဆိုပါရုပ်ရှင်အား ၂၀၀၆ ခုနှစ် အကောင်းဆုံး ဇာတ်ကား ဆယ်ကားထဲမှ တစ်ကားအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ ၎င်းဇာတ်ကားကို ဗီယက်နမ်နိုင်ငံ "ရွှေကြာပန်းဆု" နှင့် အာဆီယံရုပ်ရှင်ပွဲတော် "ရွှေစွန်လွှတ်ဆု" တို့ကိုလည်း ဂုဏ်ယူစွာ ချီးမြှင့်ခဲ့ပါသည်။
(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

 

တတိယအကြိမ်မြောက် “ပိုးလမ်းမ ရိုက်ကူးရေး အလင်းနှင့်အရိပ်” နိုင်ငံတကာ မိုက်ခရိုဗီဒီယို တယ်ဟုန်ပြပွဲ ကျင်းပလျက်ရှိ၊ တရုတ် နာမည်ကျော်ဒါရိုက်တာ လီဝေသည် ဆုချီးမြှင့်ရေး အကဲဖြတ်သူတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်