သစ်ပင်သုံးပင်(San Ke Shu)၏ စိတ်၀င်စားဖွယ်ရာများကို အတူ လေ့လာကြစို့

2022-11-17 18:26:55
အရင်းအမြစ်:德宏州地方史志办公室

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့ရှိ သစ်ပင်သုံးပင် (San Ke Shu)အဝိုင်းပတ်လမ်းသည် သစ်ပင်ဖြင့် ထင်ရှားကျော်ကြားပြီး ညောင်ပင်ကြီးသုံးပင်နှင့် မရေမတွက်နိုင်သော ဝေဟင်အထောက်အပံများဖြင့် ဖွဲ့စည်းထားပါသည်။ ထိုသည်ကိုအစွဲပြု၍ ၎င်းသည် မန်စီနယ်သူနယ်သားတို့၏ နှလုံးသားတွင် အရေးပါသော မြို့ပြအမှတ်အသားတစ်ခု ဖြစ်ခဲ့သည်။ သစ်ပင်ကြီးအောက်တွင် လူသားတို့၏ နေထိုင်မှုဘဝ မည်ကဲ့သို့ ပြောင်းလဲလာသည်ဖြစ်စေ ၎င်းသစ်ပင်ဟောင်းကြီးက တရုတ်-မြန်မာနယ်စပ်ဒေသတွင် တည်ရှိသည့် မြို့လေး၏ ဖြစ်စဥ်များကို သက်သေခံလျက်ရှိနေပါသည်။

၁၉၃၈ ခုနှစ် ဩဂုတ်လကုန်တွင် တျန်မြန် (တရုတ်ယူနန်-မြန်မာ) အဝေးပြေးလမ်းမကြီး ပြီးစီးကာ ပြေးဆွဲနိုင်ခဲ့ပြီး သစ်ပင်သုံးပင် (San Ke Shu)ကို ဖြတ်သန်းသွားလာခဲ့ပါသည်။

၁၉၅၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်ပြည်သူပြည်သားများ ပျော်ပွဲရွှင်ပွဲကို မန်စီမြို့တွင် ကျင်းပခဲ့သည်။ ထိုအချိန်တွင် သစ်ပင်သုံးပင် (San Ke Shu)နံဘေးရှိ တျန်မြန်(တရုတ်ယူနန်-မြန်မာ) အဝေးပြေးလမ်းမကြီးပေါ်တွင် အမြင့် ၇ မီတာကျော် မြင့်သော ဧည့်ကြိုဆိုရေးဂိတ်တစ်ခုကို စိုက်ထူခဲ့ပါသည်။

ထိုနေ့တွင် ယာဉ်တန်းသည် မန်စီမြို့ သစ်ပင်သုံးပင် (San Ke Shu)ကို ရောက်ရှိပြီးနောက် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဝန်ကြီးချုပ်တို့သည် ကားပေါ်မှဆင်းကာ ဧည့်ကြိုဂိတ်ကို ဖြတ်သန်းသွားခဲ့ကြသည်။ ရောင်စုံအလံများနှင့် မီးပုံးများ ကိုင်ဆောင်ထားသည့် လူအုပ်အဖွဲ့များဆီ ဖြတ်သန်းသွားလာရင်း "တရုတ်-မြန်မာ ချစ်ကြည်ရေးအဓွန့်ရှည်ပါစေ" ဟူသော အသံများနှင့် လက်ခုပ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါသည်။

၁၉၆၀ ပြည့်နှစ်တွင် တယ်ဟုန်ပြည်နယ်ခွဲ ကျန်းမာရေးကျောင်းကို သစ်ပင်သုံးပင် (San Ke Shu)အနီးတွင် တည်ဆောက်ခဲ့ရာ ၂၀၀၈ ခုနှစ်တွင် အဆိုပါကျောင်းကို တယ်ဟုန်ပြည်နယ်ခွဲ အသက်မွေးဝမ်းကျောင်းကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် သစ်ပင်သုံးပင် (San Ke Shu) မန်စီလေဆိပ်၏ လက်မှတ်ရုံးကို စတင် တည်ဆောက်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် မန်စီသစ်ပင်သုံးပင် (San Ke Shu) ကူးသန်းရောင်းဝယ်ရေးစင်တာကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ကုန်သည် ၁၀၀ ကျော် အခြေချနေထိုင်ခဲ့ပါသည်။ ၎င်းစင်တာသည် မြို့လယ်တွင် အချမ်းသာဆုံးသော ကူးသန်း ရောင်းဝယ်ရေးအသိုင်းအဝိုင်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

ယနေ့တွင်၊ မြို့လယ်စီးပွားရေးအသိုင်းအဝိုင်းကို ပိုမို တိုးတက်စည်ကားစေရန်နှင့် မွန်ဟွမ်ရပ်ကွက်သည် ရပ်သူရပ်သား များကို ပိုမို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် သစ်ပင်သုံးပင် (San Ke Shu) ကူးသန်းရောင်းဝယ်ရေး စင်တာတွင် စံပြနေရာတစ်ခုကို တည်ဆောက်ခဲ့သည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ဒေသသမိုင်းမှတ်တမ်းတင်ရုံး။ ဘာသာပြန် - Yunnan gateway)
 

သစ်ပင်သုံးပင်(San Ke Shu)၏ စိတ်၀င်စားဖွယ်ရာများကို အတူ လေ့လာကြစို့