ဆောင်းကူးရာသီ၏ ယွီရှီးယိမွန်တွင် ညိုးနွမ်းလျက်ရှိသော ကြာရွက်၏အလှကို ခံစားကြည့်ရှုရင်း ကြာစွယ် သုံးဆောင်ကြည့်စို့
2022-11-24 17:50:48
အရင်းအမြစ်:玉溪网
ဆောင်းကူးရာသီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့ ယိမွန်ခရိုင်ရှိ လယ်ယာမြေ၌ ညိုးနွမ်းလျက်ရှိသော ကြာရွက်များ ရှိနေသည်။
ညိုးနွမ်းလျက်ရှိသော ကြာရွက်သည် တရုတ်ယဥ်ကျေးမှုတွင် အလွန်လှပသော မြင်ကွင်းတစ်ခုဖြစ်ပြီး ရှေးခေတ်ကဗျာဆရာများသည် မိုးရွာသောညပိုင်းတွင် မိုးရေများ ညိုးနွမ်းလျက်ရှိသော ကြာရွက်ကို ရိုက်ခတ်၍ထွက်ပေါ်လာသောအသံအား နားထောင်ရသည်ကို ကြိုက်နှစ်သက်ကြပါသည်။
ကြာစွယ်များသည်လည်း လယ်ယာမြေမှ စျေးကွက်သို့ ရောက်ရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်သော အစားအစာတစ်မျိုး ဖြစ်လာသည်။
(သတင်းရင်းမြစ်- ယွီရှီးအထွေထွေသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)