အိန္ဒိယမိန်းကလေးတစ်ဦး၏ တရုတ်နိုင်ငံပန်းချီလက်ရာ

2022-11-30 21:13:02
အရင်းအမြစ်:新华网

အိန္ဒိယနိုင်ငံမိန်းကလေး စင်ကပ်သည် ဆီဆေးပန်းချီဖန်တီးမှုတွင် အထူးစိတ်ဝင်စားသူ ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် (၂၃)နှစ်ကြာနေထိုင်ခဲ့ပြီး တရုတ်ရိုးရာပန်းချီအနုပညာများနှင့်ထိတွေ့ခြင်းကြောင့် သူ၏ ပန်းချီဖန်တီးမှုပုံစံတွင် တရုတ်ပုံစံများစွာကို တွေ့မြင်နိုင်ပါသည်။ ၁၉၉၉ ခုနှစ်တွင် အသက်(၅)နှစ်အရွယ်ရှိ စင်ကပ်သည် မိဘနှင့်အတူ အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး ပေကျင်း၊ ထျမ်ကျင်း စသည့်မြို့များတွင် ပညာသင်ယူ နေထိုင်ခဲ့သည်။ သူသည် အိမ်တွင်အနုပညာဖန်တီးမှုကို ပြုလုပ်လေ့ရှိသော်လည်း တစ်ခါတရံ ပြတိုက်၊ အနုပညာပြတိုက်များသို့ ဝင်ရောက်ပြီး တရုတ်ရိုးရာပန်းချီအနုပညာကို လေ့လာလေ့ရှိပါသည်။

ယခု စင်ကပ်သည် ထျမ်ကျင်းတွင် ကိုယ်ပိုင်ပန်းချီစတူဒီယိုကို ဖွင့်လှစ်ပြီး ပန်းချီပညာသင်ကြားမှု ပြုလုပ်နေပြီဖြစ်ပါသည်။ သူသည် အနုပညာဖြင့်ဖော်ပြသည့်ပုံစံသစ်များကို သင်ယူရန် နှစ်သက်ပြီး သူ၏ပန်းချီလက်ရာများတွင် တရုတ်နိုင်ငံအပေါ်ထားရှိသည့် မေတ္တာများစွာကို တွေ့မြင်နိုင်ပါသည်။

( သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)
 

အိန္ဒိယမိန်းကလေးတစ်ဦး၏ တရုတ်နိုင်ငံပန်းချီလက်ရာ