၂၀၂၂ တရုတ်-အာဆီယံတက္ကသိုလ်ကျောင်းသူကျောင်းသားများခရီးသွားလာရေးကိုယ်စားပြုသံတမန် ရွေးချယ်

2022-11-30 23:07:21
အရင်းအမြစ်:云南日报

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ၂၀၂၂ တရုတ်-အာဆီယံပညာရေးဆိုင်ရာဖလှယ်ခြင်း သီတင်းပတ်လှုပ်ရှားမှု အစီအစဥ်များအနက် တစ်ခုဖြစ်သော “တရုတ်-အာဆီယံတက္ကသိုလ်ကျောင်းသူကျောင်းသားများ ခရီးသွားလာရေးကိုယ်စားပြု သံတမန်” ရွေးချယ်ပွဲ အပြီးသတ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ခိုင်လီကောလိပ်တွင် ကျင်းပခဲ့ပါသည်။


ယခုနှစ်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံ၊ တရုတ်ပြည်တွင်း တက္ကသိုလ်နှင့်ကောလိပ် ၁၃ ခုမှ ပညာတော်သင်ကျောင်းသူကျောင်းသား ၁၉ ဦး၏ ဗီဒီယိုလက်ရာကို လက်ခံရရှိခဲ့သည်။ သူတို့၏ ပြိုင်ဆိုင်သောအဓိကအကြောင်းအရာသည် “ခရီးသွားလာရေးမိတ်ဆက်ခြင်း”နှင့် “အနုပညာပင်ကိုယ်အရည်အသွေးတင်ပြခြင်း”အပိုင်းနှစ်ပိုင်းပါဝင်သည်။ တရုတ်နှင့်အာဆီယံနိုင်ငံများမှ ကျွမ်းကျင်ပညာရှင် ၉ ဦးသည် အကဲဖြတ်များအနေဖြင့် ဆောင်ရွက်ခဲ့ပြီး ပထမဆု ၂ ဦး၊ ဒုတိယဆု ၄ ဦး၊ တတိယဆု ၆ ဦး ရွေးချယ်ခဲ့သည်။
(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway)

၂၀၂၂ တရုတ်-အာဆီယံတက္ကသိုလ်ကျောင်းသူကျောင်းသားများခရီးသွားလာရေးကိုယ်စားပြုသံတမန် ရွေးချယ်