“ယူနန်လက်ဖက်”သည် နေရာအသီသီးတွင် လူကြိုက်များလျက်ရှိ

2022-12-05 17:54:06
အရင်းအမြစ်:云南网

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံရိုးရာလက်ဖက်ခြောက်ထုတ်လုပ်ခြင်းနည်းပညာနှင့် သက်ဆိုင်ရာရိုးရာဓလေ့များကို ကုလသမဂ္ဂယူနစ်စကိုအဖွဲ့မှ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းအတည်ပြုခဲ့ကြောင်း သတင်းအရ သိရပါသည်။

အဆိုပါဖော်ပြသည့် လက်ဖက်ခြောက်ထုတ်လုပ်ခြင်းနည်းပညာနှင့် သက်ဆိုင်ရာရိုးရာဓလေ့များ ဆိုသည်မှာ လက်ဖက်ခြံစီမံခန့်ခွဲမှု၊ လက်ဖက်ရွက်ဆွတ်ခူးခြင်း၊ လက်မှုဖြင့် လက်ဖက်ခြောက်ထုတ်လုပ်ခြင်း၊ လက်ဖက်ရည်သောက်သုံးခြင်းနှင့်သက်ဆိုင်ရာနည်းပညာ၊ ကျွမ်းကျင်မှုနှင့် လက်တွေ့ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ ထို့ပြင် ယူနန်ပြည်နယ်မှ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ကိုယ်စားပြုသည့် လက်ဖက်ဆိုင်ရာ စီမံကိန်း ၄၄ ခုလည်း ပါဝင်သည်။

ယူနန်၏ လက်ဖက်စိုက်ပျိုးခြင်းသည် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင် ရှန်းနှင့်ကျိုးခေတ်ကာလမှ စတင်ခဲ့ခြင်း ဖြစ်ပြီး ထန်နှင့်စုန့်ခေတ် (အေဒီ ၆၁၈ မှ ၁၂၇၉ ခုနှစ်)တွင် လက်ဖက်ဆိုင်ရာ ကုန်စည်ထုတ်လုပ်မှုစခန်းအဖြစ် တည်ရှိခဲ့ကာ ချင်းမင်းဆက် (အေဒီ ၁၆၃၆ ခုနှစ်မှ ၁၉၁၂ ခုနှစ်) ဝန်းကျင်တွင် အလွန်ဖြစ်ထွန်းသော လုပ်ငန်းတစ်ခုဖြစ်လာသည်။ ယခုအချိန်တွင် ယူနန်၏ ဖူအော်လက်ဖက်ခြောက်၊ တျိန်းဟုန်(Dian hong)ဟုခေါ်သော လက်ဖက်ခြောက် စသည်တို့သည် ကမ္ဘာတွင် နာမည်ကျော်ကြားလျက်ရှိသည်။ ယူနန်၏ လက်ဖက်ခြောက်လုပ်ငန်းသည်လည်း သက်ဆိုင်ရာလုပ်ငန်း အပါအဝင် အတိုင်းအတာကြီးမားသော လုပ်ငန်းကွင်းဆက်တစ်ခုဖြစ်လာသည်။


(သတင်းရင်းမြစ်- yunnan.cn မှ ကောက်နုတ်တင်ပြခြင်း၊ ဘာသာပြန်- Yunnan gateway)
 

“ယူနန်လက်ဖက်”သည် နေရာအသီသီးတွင် လူကြိုက်များလျက်ရှိ