တရုတ်ပိုင်လူမျိုး၏ “ကျာမာ” သစ်ထွင်းပန်းချီ

2022-12-26 20:59:59
အရင်းအမြစ်:新华网

ကျာမာဆိုသည်မှာ တရုတ်ပြည်သူပြည်သားများအကြားက ရိုးရာသစ်ထွင်းပန်းချီ လက်ရာတစ်ခု ဖြစ်သည်။ ၎င်းသည် နှစ်ပေါင်းထောင်ချီသမိုင်းရှိပြီး တရုတ်ရှေးခေတ်ပြည်သူပြည်သားများ ဆုတောင်းပတ္ထနာပြုခြင်း၊ ယဇ်ပူဇာ်ခြင်းစသည့်လှုပ်ရှားမှုကျင်းပရာတွင် မီးရှို့ရန်အတွက် သစ်ထွင်းလက်ရာအမျိုးမျိုး၏ ယေဘုယျအသုံးအနှုန်းဖြစ်သည်။ ကျာမာတွင် ထွင်းထုထားသော ပုံသဏ္ဌာန်များတွင် နတ်အမျိုးမျိုး၊ ငှက်အမျိုးမျိုး၊ တိရစ္ဆာန်အမျိုးမျိုး၊ သဘာဝတောတောင်ရေမြေနှင့် အဆောက်အအုံ ဗိသုကာများ ပါဝင်သည်။ ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲ အလ်ယွမ်ခရိုင်ရှိ ဖုန့်ရှမ်ကျောင်းတွင် အသက် ၇၈ နှစ်အရွယ်ရှိ ဝါရင့် ကျာမာလက်ရာဆရာကြီး ကျောက်လုံရှင်းသည် သင်တန်းဖွင့်ပြီး ဒေသခံများအတွက် ကျာမာလက်မှုပညာကို သင်ကြားပေးခဲ့သည်။


(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန။ ဘာသာပြန်- Yunnan gateway)
 

တရုတ်ပိုင်လူမျိုး၏ “ကျာမာ” သစ်ထွင်းပန်းချီ