၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံ Xizang ဒေသသို့ လာရောက်လည်ပတ်သော ခရီးသွား ၄၁ သန်းကျော်ရှိ

2022-01-07 17:33:50 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ၂၀၂၁ခုနှစ်က လာရောက်လည်ပတ်သည့် ခရီးသွား ၄၁.၅ သန်းကျော် ရှိကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းကာလတွင် ခရီးသွားကဏ္ဍဝင်ငွေ စုစုပေါင်း ယွမ် ၄၄.၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံခန့်)ရှိခဲ့ကြောင်း Xizangကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၁ ကြိမ်မြောက် ပြည်သူ့ကွန်ဂရက် ပဥ္စမအကြိမ်အစည်းအဝေး၏အချက်အလက်များအရ သိရသည်။

Xizang ဒေသသည် တိုင်းရင်းသားယဉ်ကျေးမှု၊ သာယာလှပသည့် ရှုမျှော်ခင်းပေါကြွယ်ဝခြင်း၊ ဒေသအတွင်း ခရီးသွားကဏ္ဍအားကောင်းလာအောင် ဒေသအာဏာပိုင်များက အားဖြည့်တည်ဆောက်ခြင်းများကြောင့် ခရီးသွားများအကြား ရေပန်းစားရာနေရာတစ်ခုဖြစ်လာသည်။

ဤကုန်းမြင့်ဒေသတွင် ခရီးသွားဆွဲဆောင်မှုနှင့်မှတ်ချက်ကောင်းရှိသည့် နေရာပေါင်း ၁၀၀ ကျော်ရှိပြီး ခရီးသွားလုပ်ငန်း ၂,၇၀၀ ကျော်၊ နေအိမ်တည်းခိုရာ ၂,၃၀၀ ကျော် ရှိသည်။

၂၀၁၆ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း Xizangဒေသသည် ပြည်တွင်းပြည်ပ ခရီသွား သန်း ၁၅၀ ခန့် ရှိခဲ့ရာ ခရီးသွားကဏ္ဍဝင်ငွေ ယွမ် ၂၁၂.၆ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)