ယူနန်ပြည်နယ် ကျန့်ရွှေခရိုင်တွင် ခရမ်းရောင်မြေထည်လုပ်ငန်းဖြစ်ထွန်းနေ

2022-01-20 18:38:41 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျန့်ရွှေခရိုင်မှ ထုတ်လုပ်သည့် ခရမ်းရောင်မြေထည်သည် တရုတ်နိုင်ငံ၏ နာမည်ကြီးမြေထည် ၄ မျိုးအနက် တစ်မျိုးဖြစ်သည်။ ယခုနှစ်ပိုင်းတွင် ကျန့်ရွှေသည် မြေထည်ထုတ်လုပ်ခြင်း၊ အချောကိုင်ဆောင်ရွက်ခြင်းနှင့် ဖြန့်ချိရောင်းချခြင်း ပါဝင်သည့် ထုတ်လုပ်မှုကွင်းဆက်တစ်ခုဖြစ်လာပြီး ခရိုင်တစ်ခုလုံးတွင် မြေထည်လုပ်ငန်းဆောင်ရွက်ရန် လိုင်စင်လျှောက်ထားသည့် အိုးလုပ်ငန်းနှင့်အရောင်းလုပ်ငန်းပေါင်း ၂၂၄၆ ခုရှိပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။