ရှီမိန်လျှိုမြောင်သည် ယူနန်ပြည်နယ်၊ ယွိရှီးမြို့၊ ရှင်းဖျင်ခရိုင်၊ ကာစာမြို့နယ်တွင်တည်ရှိပြီး အိုင်လောင်တောင် အရှေ့ဘက်ရှိ တောင် အလယ်ပိုင်းတွင် ရှိသည်။ ရှင်းဖျင် ရှီမိန်လျှိုမြောင်အတွင်း သဘာဝကျောက်တံခါး(ရှီမိန်) ၅ ခုကို အစွဲပြုပြီး အမည်ပေးထားခြင်းဖြစ်သည်။
ရှီမိန်လျှိုမြောင်ကို ဖြတ်သန်းသွားသည့် အဓိကရှုခင်းသာတစ်ခုသည် ကျောက်တောင်နှစ်ခုကြားရှိ ရှည်လျားသော ချောင်းတစ်ခုဖြစ်ပါသည်။
၎င်းချောင်း စီးဆင်းရာတွင် နှေးသည်ဖြစ်စေ၊ သန်သည်ဖြစ်စေ၊ ဖြောင့် သည်ဖြစ်စေ၊ ကွေးသည်ဖြစ်စေ၊ ရေတံခွန်ဖြစ်စေ၊ ရေမော်ဖြစ်စေ၊ သစ် တောတောင်ကြားထဲတွင် အပြန်အလှန်ရောင်ပြန်ဟပ်နေပါသည်။ ချောင်း ရေကြောင့် သစ်တောများ ပိုမိုစိမ်းစိုနေပြီး သစ်တောသန့်စင်မှုကြောင့် ချောင်းရေ ပိုမိုကြည်လင်နေပါသည်။
လျှိုမြောင်ထဲရှိ ရှုခင်းများသည် အလွန်အံ့သြဖွယ်ရာများနှင့် ပြည့်နေပါသည်။ ဒဏ္ဍရီပုံပြင် ဆန်ဆန်ရှိသော ကျောက်တုံးများ၊ ရေမော်များ၊ သမိုင်းဝင်သစ်ပင်ကြီးနှင့် ငှက်ကလေးများ၊ အပင်အောက်တွင် ပေါက်ဖွားနေသော တောရိုင်းမှိုများရှိသည်။ တောင်လျှိုမြောင်ထဲ လမ်းလျှောက်သည့်အခါ ပန်းချီကားချပ်ထဲမှာ လမ်းလျှောက်နေ သကဲ့သို့ ခံစားနိုင်ပါ သည်။ လောကီ အပူအပင်များအား မေ့ပျောက်စေသည်။ လတ်ဆတ်၊ စိုစွတ်၊ အောက်ဆီဂျင်ဓာတ် ပြည့်ဝသော လေကောင်းလေသန့်တို့ဖြင့် စိတ် ရောကိုယ်ပါ အေးချမ်းသာယာစေပါတော့သည်။
安宁市委宣传部供稿供图