မြန်မာနိုင်ငံက နောင်ချို တိမ်ပင်လယ်ကို အတူတကွ သွားကြည့်ကြရအောင်

2022-01-26 17:42:07 |သတင်းအရင်းအမြစ် 《吉祥》杂志

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချိုကြီး ကျေးရွာအနီးတွင် လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်လှပသော၊ လူသိနည်းသော ရှုခင်းသာယာ နေရာတစ်ခု ရှိပါသည်။ ယင်းသည် နောင်ချို တိမ်ပင်လယ်အပန်းဖြေစခန်း ဖြစ်သည်ဆိုတာ အဆွေတို့ သိပါသလား။


၂၀၁၈ ခုနှစ်တွင် နောင်ချိုတိမ်ပင်လယ်အပန်းဖြေစခန်းသည် မြန်မာ့လူမှုကွန်ရက် ပလက်ဖောင်းများတွင် ရုတ်တရက် ရေပန်းစားလာခဲ့ပြီးနောက် ဆောင်းရာသီ ရောက်တိုင်း (အောက်တိုဘာလမှ လာမည့်နှစ် ဖေဖော်ဝါရီလအထိ) ဤနေရာကို အပန်းဖြေခရီးလာကြသော ခရီးသွားများ စဉ်ဆက်မပြတ် တိုးတက်လာပါသည်။ နောင်ချိုတိမ်ပင်လယ်အပန်းဖြေစခန်းသည် မြန်မာနိုင်ငံတွင် ရေပန်းစားသော ရှုခင်းသာယာနေရာတစ်ခု တစ်ဖြည်းဖြည်း ဖြစ်လာပါသည်။

တိမ်ပင်လယ်အပန်းဖြေစခန်းသည် ပေ ၃၀၀၀ ကျော်(မီတာ ၁၀၀၀ လောက်) မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။ မိုးလင်းချိန်နံနက်စောစောတွင် နွေးထွေးသော နေရောင်ခြည်သည် တိမ်တိုက်များမှတစ်ဆင့် မြေပြင်၏နေရာတိုင်းကို လင်းလက်သွားစေသည်။ အရာအားလုံးသည် နတ်ပြည်ကဲ့သို့ လှပ၊ ပြည့်စုံနေပါသည်။ တောင်ပေါ်မှာရပ်ပြီး တိမ်လွှာများကို ငုံ့ကြည့်လိုက်သောအခါတွင် ပင်လယ်ကမ်းစပ်မှာ ရပ်နေသကဲ့သို့ ဖြစ်ပြီး အဆုံးမရှိသော တိမ်လွှာရှုခင်းများကို ခံစားနိုင်ပါသည်။နောင်ချို၏တိမ်များသည် တစ်ခါတစ်ရံ လှိုင်းလုံးများကဲ့သို့ပင် တက်လာသည်။ တစ်ခါတစ်ရံ အမွေးများထူလပျစ်သော ကော်ဇောကဲ့သို့ ပျော့ပျောင်းနေသည်။ ဤနေရာတွင် စည်ကားသိုက်မြိုက်သော မြို့ပြနှင့် ဝေး၍ ခရီးသွားများအနေနှင့် အနားယူပြီး အနာဂတ်ကို စိတ်ကူးပုံဖော်ကြည့်နိုင်ပါသည်။


ရေပန်းစားနေသော တိမ်ပင်လယ်စခန်းများအပြင် နောင်ချိုတွင် ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို ရှိရုံသာမက ဓာတ်တော်လိုဏ်ဂူ၊ နောင်လုံကန်၊ ဘန့်ဘွေးကျင်းရေတံခွန်၊ ရေပျံကြီးရေတံခွန်ကဲ့သို့သော လူသိနည်းသော ရှုခင်းသာယာ နေရာများကိုလည်း ရှိပါသည်။


ခရီးသွားများအတွက် ပိုမိုကောင်းမွန်သော ကြည့်ရှုခံစားမှုကို ပေးနိုင်ရန် အပန်းဖြေစခန်းသည် တည်းခိုဝန်ဆောင်မှုများကိုလည်း စီစဉ်ပေးသည်။ “ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာတော့ တိမ်ပင်လယ်ကို လာလည်ကြတဲ့ ခရီးသွားတွေ အရမ်းများတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျွန်တော်တို့ရွာမှာ တိမ်ပင်လယ်စခန်းက ငါးခုလောက်ပဲရှိတာကြောင့် တည်းခိုဖို့ လိုအပ်တဲ့ ခရီးသွားတွေက တစ်ပတ်လောက်ကတည်းက ကြိုတင်စာရင်းပေးမှ ပိုအဆင်ပြေနိုင်တယ်”ဟု နောင်ချိုကြီးကျေးရွာရှိ တိမ်ပင်လယ်စခန်းမှ ဝန်ထမ်းဖြစ်သူ ကိုကျော်က ဆိုသည်။

图片由 云海观光休闲度假区工作人员 杜雅苏(缅籍)提供