မုန့်ပါးနာ့ရှီးသံစုံတီးဝိုင်းသည်“ချက်ပြုတ်မီးခိုး ပြန်တွေ့ခြင်း”သီချင်းအား ၂၀၂၂ ခုနှစ်နိုင်ငံဖြတ်ကျော်နွေဦးပွဲတော်ပျော်ပွဲရွှင်ပွဲတွင် တင်ဆက်မည်

2022-01-30 17:37:23 |သတင်းအရင်းအမြစ် 云南日报

၂၀၂၂ ခုနှစ် “ကမ္ဘာတစ်ဝှမ်းလုံးမှ ရေရှည်တည်တံ့သော ချစ်ခြင်းမေတ္တာ၊ တိုက်ကြီးငါးခုမှ နွေဦး၏ ကျက်သရေ အတူမျှဝေခြင်း”ဟူသော နိုင်ငံဖြတ်ကျော်နွေဦးပွဲတော်ပျော်ပွဲရွှင်ပွဲနှင့် တရုတ်နွေဦးပွဲတော်ဖလှယ်ရေးလှုပ်ရှားမှုကို အွန်လိုင်းနှင့်အောဖ်လိုင်း နှစ်မျိုးပေါင်းစပ်သော နည်းလမ်းဖြင့် ကျင်းပမည်ဖြစ်ပြီး တရုတ်၊ သီရိလင်္ကာ၊ မလေးရှားနှင့် အခြားနိုင်ငံများမှ အနုပညာရှင်များ စုပေါင်း၍ ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မုန့်ပါးနာ့ရှီးသံစုံတီးဝိုင်းမှ သတင်းရရှိပါသည်။ ယင်းနိုင်ငံဖြတ်ကျော်နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲတွင် မုန့်ပါးနာ့ရှီးသံစုံတီးဝိုင်းသည် “ချက်ပြုတ် မီးခိုး ပြန်တွေ့ခြင်း”ကို သီဆိုကာ ကမ္ဘာအား တယ်ဟုန်အသံကို နားဆင်စေမည်ဖြစ်ပါသည်။

“တရုတ်သက္ကရာဇ် ကျားနှစ် ကျရောက်လာပါတော့မယ်။ နွေဦးပွဲတော်မှာ အိမ်မပြန်နိုင်ကြတဲ့ နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးတွေအတွက် နွေးထွေးမှုနဲ့အတူ ဆုမွန်ကောင်းတွေ ဆောင်ကြဥ်းပေးဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ “ချက်ပြုတ်မီးခိုး ပြန်တွေ့ခြင်း”ကို ပြန်လည်ရေးဖွဲ့ပြီး MV ရိုက်ကူးခဲ့ပါတယ်”ဟု မုန့်ပါးနာ့ရှီးသံစုံတီးဝိုင်းမှ အဓိက ဖန်တီးသူများက ပြောပြပါသည်။ အဆိုပါသီချင်းသည် ဒေသခံပြည်သူပြည်သားတို့၏ ခိုင်မာသော ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး ရည်မှန်းချက်နှင့် နက်ရှိုင်းသော ဇာတိမြေချစ်ခြင်းမေတ္တာကို သီဆိုထားပါသည်။ သီချင်းသံဖြင့် နွေဦးပွဲတော်၏ မျှော်လင့်ချက်နှင့် ဆုမွန်ကောင်းကိုဖော်ပြနိုင်ရန် သူတို့က မျှော်လင့်ထားပါသည်။